တနင်္သာရီဂျာနယ် အမှုချေဖျက်ရန် တိုင်းတရားရုံးတွင် ကြားနာမည်

0
1016

မဲဆွယ်အပြုံးအမည်ရ သရော်စာ ဖော်ပြသည့်အတွက် တနင်္သာရီအပတ် စဉ်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့က တရားစွဲဆိုထားသည့်အမှုကို ချေဖျက် ပေးရန် မေလ ၂၁ ရက်က လျှောက်ထား လာခြင်းကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီးနောက် ကြားနာတော့မည် ဖြစ်သည်။

ထားဝယ်မြို့နယ် တရားရုံးတွင် တရား စွဲဆိုထားသည့်အပေါ် တနင်္သာရီ ဂျာနယ် ဘက်က အမှုချေဖျက်ပေးရန် တင်ပြလာ သည့်အတွက် တိုင်းတရားလွှတ်တော်က ကြားနာစစ်ဆေးရန် ရာဇ ဝတ်အထွေထွေ အမှတ် ၂ /၂၀၁၈ ဖြင့် လက်ခံခဲ့ကြောင်း တိုင်းတရားလွှတ်တော် သတင်းပြန်ကြား ရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီခင်က ဆိုသည်။
အမှုချေဖျက်ရန် အမှုတွဲတင်လာ သည့်အတွက် တနင်္သာရီဂျာနယ်ဘက်က တရားလိုဖြစ်သွားပြီး မြို့နယ်တရားရုံး တွင် တရားစွဲဆိုထားသည့် တိုင်းအစိုး ရကို အကြောင်းကြားစာပို့ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အကြောင်းကြားစာ ပို့ပြီးနောက် မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည့် အမှုတွဲကို တောင်းယူပြီး (တောင်းခေါ် ပြီး) တိုင်းတရားလွှတ်တော်တွင် နှစ် ဘက်စလုံးကို စစ်ဆေးကြားနာမည်ဖြစ် ကြောင်း ဒေါ်ခင်ချယ်ရီက ဆိုသည်။
“အမိန့်ချဖို့တော့ အနည်းဆုံး တစ် လလောက်တော့ ကြာလိမ့်မယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချယ်ရီခင်က ပြော သည်။
တိုင်းဒေသကြီးတရားလွှတ်တော် တွင် အမှုချေဖျက်မှုကြားနာနေသည့် အချိန် အတွင်း မြို့နယ်တရားရုံးတွင် လက်ရှိ စစ်ဆေးနေသည့်အမှုကို ပုံမှန်ရုံးချိန်း ချိန်း ဆိုနေမည်ဖြစ်သော်လည်း စစ်ဆေးမှုကို ရပ်နားထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင်မူးဆေးအိုး၏ မဲဆွယ် အပြုံးခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင် ဘာလ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး မှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ် မြို့နယ်ရားရုံးကို ဦးတိုက် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်တရားရုံးတွင် တရားလို နှင့် တရားလိုပြသက်သေတစ်ဦးကို စစ် ဆေးခဲ့ပြီး ဖြစ်သည်။
မြို့နယ်တရားရုံးတွင် ၁၄ ကြိမ် မြောက်ရုံးချိန်း စစ်ဆေးပြီးချိန်တွင် စွပ်စွဲ ခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှု ချေဖျက်(ပယ်ဖျက်)ပေးရန် တိုင်းတရား လွှတ်တော်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သတင်းမီဒီယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ် စွာ ဝေဖန်ထောက်ပြ အကြံပြုရေးသား ခွင့်ရှိခြင်း၊ သရော်စာသည် ဟာသစာပေ အမျိုးအစားဖြစ်ကာ စာပေ၊ အနုပညာ ရသမြောက်စွာ ရယ်ရွှင်ဖွယ် ဖြစ်အောင် ဖော်ထုတ်ရေးသားခြင်း ဖြစ်ခြင်းကြောင့် အမှုတွဲချေဖျက်ပေးရန် လျှောက်ထားဖြစ် ကြောင်း တိုင်းတရားလွှတ်တော်တွင် တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးဦးကျော်သိန်းက ဆိုသည်။

ယင်းအပြင် ယနေ့မျက်မှောက် ကာလတွင် ဖြစ်ပျက်နေသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအစရှိသည့် ချွတ် ချော် မှုများကို ရေးသားဖော်ပြခြင်းသည် အများ ပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင် နေသည့်အတွက် မီဒီယာဥပဒေပါ တား မြစ်ချက်နှင့် ကင်းလွတ်နေခြင်း ကြောင့် လျှောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။
သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေ သော အရေးအသားနှင့် လူ့အခွင့်အရေး ကို ထိခိုက်စေသော ရေးသားဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ဖော်ပြပါရှိသည်။

လက်ရှိ တရားလိုနှင့် တရားလိုပြသက်သေ ၂ ဦးအနက် တစ်ဦးကို စစ်ဆေးချက်အရ တနင်္သာရီဂျာ နယ်ကို တရားစွဲဆိုနိုင်သည်အထိ အ ကြောင်းအရာ မခိုင်လုံသည့်အတွက် အမှုချေဖျက်ရန် လျှောက်ထားခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဦးကျော်သိန်း က ဆိုသည်။
“တိုင်းတရားလွှတ်တော်ကနေ ဒီ အမှုကို သေချာသုံးသပ်ပြီး တရားစီရင် ရေးတည့်မတ်နေမှုကို သက်သေပြတဲ့အနေနဲ့ ပယ်ဖျက်ပေးလိမ့်မယ်လို့ ယုံ ကြည်တယ်”ဟု ဦးဦးကျော်သိန်းက ပြောသည်။
သတင်းမီဒီယာ ဥပဒေပုဒ်မ-၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ)အရ ဒဏ်ငွေအနည်းဆုံး ကျပ်သုံး သိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံ ရမည်ဖြစ်သည်။

တိုင်းတရားလွှတ်တော်က ယင်း အမှုကို ချေဖျက်ရန် ဆုံးဖြတ်အမိန့်ချပါက မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့်အမှု ကို ပိတ်သိမ်းရမည်ဖြစ်ပြီး ချေဖျက်ခြင်း မပြုရန်အမိန့်ချပါက အမှုကို မြို့နယ် တရားရုံးက ဆက်လက်စစ်ဆေးရမည် ဖြစ်သည်။
တနင်္သာရီအပတ်စဉ်သတင်းစာ သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့် ဝေသည့် တစ်ခုတည်းသော အပတ်စဉ် ထုတ်သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်း တွင် အစိုးရသစ်လက်ထက်အတွင်း မီဒီ ယာကို ပထမဆုံးတရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

ယမန်နှစ်က တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား)ရေးသား ထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တု တွင်းကုမ္ပဏီက တရားစွဲဆိုခဲ့ဖူးသည်။