မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးအများဆုံး

0
432

မွန်ပြည်နယ်တွင် ယခုနှစ် သွေး လွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၅ နှစ်မှ ၉ နှစ် အရွယ်အကြား ကလေးများ ဖြစ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနထံမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား မှု အမြဲစောလေ့ရှိသည့် မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မေလ ၁၉ ရက် အထိ စာရင်းအရ ရောဂါကူးစက်ဖြစ်ပွား သူ ၁၇၂ ဦးရှိပြီး သေဆုံးမှု မရှိကြောင်း အထက်ပါဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဇူလိုင်လဆန်းက ထုတ်ပြန်သည့် စာရင်းအရ ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ မွန်ပြည်နယ်တွင် သွေး လွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင် ကျော်ရှိပြီး ဖြစ်ပွားသူအများစုမှာ အ သက် ၁၅ နှစ်အောက်ကလေးများ ဖြစ် သည်။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်ပါက မွန်ပြည်နယ်တွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ် ပွားမှု နည်းပါးသည်ဟု ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်က ပြောသည်။

“မနှစ်ကနဲ့စာရင်တော့ န ည်းတယ်၊ ကျလာတယ်၊ ၄၅ ရာခိုင်နှုန်းလောက် ကျတယ်”ဟု ဒေါက်တာစည်သူရဲနောင် က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကာလတူ တွင် သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွား သူ ၂၉၅ ဦးထိရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်း အရ သိရသည်။
သွေးလွန်တုပ်ကွေးနှင့် ပတ်သက် ပြီး နှစ်စကတည်းက ကြိုတင်ကာကွယ်မှု လုပ်ငန်းများ လုပ်နေသည်ဟု ဒေါက်တာ စည်သူရဲနောင်က ပြောသည်။

မော်လမြိုင်မြို့နယ်တွင် သွေးလွန် တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်ပြီး၊ ရေးမြို့နယ်တွင် ဒုတိယအများဆုံးဖြစ် ပွားကာ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် တတိယအများဆုံး ဖြစ်ပွားသည်ဟု ၎င်း က ပြောသည်။

သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွား မှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့် သဘောသဘာဝရှိ ပြီး မွန်ပြည်နယ်တွင် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တို့တွင် အဖြစ်များခဲ့ပြီး အသေအပျောက်လည်း ရှိခဲ့သည်။