ဆန်းချီချောင်း မြေထိန်းနံရံဒီဇိုင်း ဝေဖန်ခံရ

0
624

ထားဝယ်မြို့ ဆန်းချီချောင်းအတွင်း တည်ဆောက်ထားသည့် မြေထိန်းနံရံ၏ အတွင်းဘက်တွင် ထည့်သွင်းထားသည့် ဒေါက်တိုင်များကြောင့် ရေစီးရေလာ ထိခိုက်နိုင်သည်ဟု မြို့ခံလူထုက ထောက် ပြသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင် ကိုဦးက တည်ဆောက်ထားသည့် မြေထိန်းနံရံသည် ၉၀ ဒီဂရီ ထောင်မတ် နေသည့်အတွက် မြေကြီးဖိအားကို ခံနိုင်ရည်ရှိစေရန် မြေထိန်းနံရံအတွင်း မျက်နှာတွင် ဒေါက်တိုင်ပေါင်း ၁၅၀ ကို ထည့်သွင်းတည်ဆောက်ခြင်းဖြစ် ကြောင်း ဆိုသည်။

အရှည်ပေ ၇၂၀၀ ရှိ အဆိုပါမြေ ထိန်းနံရံကို ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တာဝန်ယူ တည်ဆောက် ခြင်းဖြစ်ပြီး တည်ဆောက်ပြီး လပိုင်း အကြာတွင် ကမ်းနားလမ်းနှင့် ထားဝယ် မြစ်အကြားရှိ အရှည်ပေ ၁၀၀ ခန့်ပြိုလဲ ခဲ့သည်။
ယင်းသို့ ပြိုလဲပြီးနောက် အဆိုပါ ဒေါက်တိုင်များကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ မြေထိန်းနံရံအတွင်း ဘက်တွင် ထည့်သွင်းတည်ဆောက် ထားသဖြင့် အမှိုက်များတင်ကျန်ကာ ရေစီးရေလာ ထိခိုက်နိုင်ကြောင်း ထား ဝယ်ဒေသခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိသည်။

“ရာနှုန်းပြည့်တော့ မပိတ်နိုင် ပါဘူး၊ ခုနစ်ဆယ်ရာခိုင်နှုန်း မပိတ်ပါ ဘူး”ဟု အင်ဂျင်နီယာမှူး ဦးအောင်ကိုဦး က ပြောသည်။
မြေထိန်းနံရံအကျယ်မှာ ၂၄ ပေရှိ ပြီး ဒေါက်တိုင်တစ်ခုအကျယ်မှာ ၄ ပေ ရှိကြောင်း မြို့နယ်စည်ပင်အဖွဲ့ထံမှ သိရသည်။

မြေထိန်းနံရံ စတင်တည်ဆောက် ကတည်းက ဒီဇိုင်းကို သေချာစွာဆွဲ ခဲ့သင့်ပြီး လက်ရှိလုပ်ထားသည့် ဒေါက် တိုင်များက နည်းလမ်းမကျဘဲ ပြန်လုပ် သည်ဟုမြင်ကြောင်း ထားဝယ်မြို့ခံတစ် ဦးဖြစ်သူ ဦးခင်မောင်သိန်းက ဆိုသည်။
“အခုက ပြိုမှာစိုးလို့ တိုင်တွေ အတွင်းမှာ စိုက်လိုက်တာက ရေမြောင်း ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်တော့ဘူးပေါ့”ဟု ဦးခင်မောင်သိန်းက ပြောသည်။

ကမြောကင်းလမ်းရှိ မယ်ဒီလန်း ဆေးရုံးအနီးမှ ထားဝယ်မြစ်အထိ ဆန်း ချီချောင်းတစ်လျှောက် အရှည်ပေ ၇၆၀၀ ရှိ မြေထိန်း နံရံကို ငွေကျပ်သိန်းပေါင်း ၃၉၄၀ အကုန်အကျခံကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က တာဝန်ယူတည် ဆောက်ခဲ့သည်။
“ကျွန်တော်တို့အမြင်က ဒီဇိုင်း နည်းမကျဘူးလို့ မြင်တယ်၊ ရေစီးရေ လာ ကောင်းဖို့အတွက်လား ရေအရှိန် သတ်ဖို့လား စဉ်းစားမရဘူးဖြစ်နေတယ်” ဟု ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ပြောသည်။

မယ်ဒီလန်းဆေးရုံမှ ကမ်းနားလမ်း ရှိ တံတားအထိ မြေထိန်းနံရံတွင် ပြုပြင် ရန် လိုအပ်သည့် ၃၁ နေရာကို ပြန်လည် ပြုပြင်ထားကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။