တိုင်းအတွင်းရှိ လ၀ကဝန်ထမ်း နှစ်ဆယ်ကျော် ရခိုင်သို့ ပြောင်း

0
356

တနင်္သာရီတိုင်းအတွင်း တာဝန် ထမ်းဆောင်နေသည့် လ၀က ဝန်ထမ်း နှစ်ဆယ်ကျော် မေလ ၁၀ ရက်က ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

အမြင့်ဆုံး လက်ထောက်ညွှန်ကြား ရေးမှူးအဆင့်မှ လက်ထောက်လူဝင် မှုကြီးကြပ်ရေးမှူးအဆင့်အထိရှိသည့် လ၀က ဝန်ထမ်း ၂၆ ဦးကို ပြောင်းရွှေ့ ချထားခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ယင်းနေရာများကို အခြားဝန်ထမ်းများ ဖြင့် အစားထိုးခန့်ထားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ(လ၀က) တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးက ဆိုသည်။

ယင်းကဲ့သို့ ပြောင်းရွှေ့တာဝန်ချ ထားခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နှစ်စဉ်လုပ်လေ့ရှိပြီး လုပ်ရိုး လုပ်စဉ်တစ်ခုသာ ဖြစ်ကြောင်း လ၀က တိုင်းဦးစီးမှူးက ပြောသည်။
“ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ ပြောင်းတာက လုပ်ရိုးလုပ်စဉ်ပါပဲ၊ အပြစ်ရှိလို့ ပြောင်းတာမျိုး မဟုတ်ပါ ဘူး”ဟု အဆိုပါ တိုင်းဒေသကြီးဦးစီးမှူး က ဆိုသည်။

လက်ရှိတွင် လစ်လပ်သွားသည့် နေရာများသို့ အစားဝင်ရောက်လာခြင်း မရှိသေးကြောင်း အထက်ပါရုံးထံမှ သိရသည်။