သင်ကြားမှုစွမ်းရည်မြှင့် သင်တန်း

0
428

မြိတ်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားမှု စွမ်းရည်မြင့်မားရေးသင်တန်းကို မေလ ၁၇ မှ ၁၈ ရက်အထိ ပြုလုပ်ခဲ့ကြောင်း ယင်းကျောင်းထံမှ သိရသည်။

သင်တန်းတွင် ၂၁ ရာစု ပညာရေး ဆိုင်ရာ အတွေးအခေါ်နှင့်စိတ်ပညာ၊ ကလေးသူငယ်ဆိုင်ရာ စိတ်ပညာ၊ ကျောင်းသား /သူများ ပျော်ရွှင်တက်ကြွ စွာသင်ယူနိုင်ရေး သင်ကြားပို့ချနည်း များ၊ ဥာဏ်ရည်ဥာဏ်သွေးနှင့် သင်ယူ လေ့လာပုံ ခြားနားခြင်းဆိုင်ရာ သင်ခန်း စာလေ့လာပြင်ဆင်ခြင်းစသည့် ဘာသာရပ်များကို သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဆရာ/မ ၅၀ဦး တက်ရောက်ခဲ့ကြပြီး Smile Education Training Institute Myanma မှ နည်းပြတို့က သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။