မြစိမ်းရောင် စီမံကိန်းရွာ ထပ်တိုး

0
492

တိုင်းအတွင်း ယခုနှစ် ပထမ ခြောက်လ ဘတ်ဂျက်တွင် မြစိမ်းရောင် စီမံကိန်းလုပ်ဆောင်မည့် ကျေးရွာယူနစ် ၆ ယူနစ် ထပ်တိုးမည်ဖြစ်ကြောင်း တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနထံမှ သိရသည်။

ကျေးရွာယူနစ်ဆိုသည်မှာ အိမ်ခြေ ၈၀ နှင့် အထက် ကျေးရွာကို တစ်ယူ နစ်အဖြစ် သတ်မှတ်ပြီး အိမ်ခြေ ၈၀ မပြည့်သည့် ကျေးရွာများအတွက်မူ နီးစပ် သည့် ကျေးရွာများနှင့် (အိမ်ခြေ အနည်း ဆုံး ၈၀ ပြည့်စေရန်) ပေါင်း ထား သည့် အုပ်စုကို တစ်ယူနစ်ဟု သတ်မှတ်သည်။

မြို့နယ် ၆ မြို့နယ်လျှင် ကျေးရွာ ယူနစ် တစ်ယူနစ်နှုန်းဖြင့် စီမံကိန်း ထပ်တိုးချဲ့ရန် ခွင့်ပြုချက်ရရှိ ထားပြီး စီမံကိန်းလုပ်ဆောင်မည့် ကျေးရွာများ ကို ယင်းစီမံကိန်းအကြောင်း ရှင်းပြပြီးမှ ငွေသား ထုတ်ပေးရန်စီစဉ်ထားကြောင်း အထက်ပါဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝေက ပြောသည်။

ကျေးရွာ တစ်ယူနစ်လျှင် အရင်း မပျောက်ငွေ မတည်ငွေ ကျပ်သိန်း ၃၀၀ ရရှိမည် ဖြစ်သည်။
ယင်း ကျပ်သိန်းသုံးရာကို ကျေး ရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ် ကိုင်မည့် မိသားစုများအား တစ်လလျှင် အနည်းဆုံး ၀ ဒဿမ ၅ ရာခိုင်နှုန်းမှ အများဆုံး ၁ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးကြောင်း ၎င်းက ပြောသည်။
ငွေကို သက်ဆိုင်ရာကျေးရွာ မြစိမ်း ရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများ မှ ထုတ်ချေးပေးကြသည်။

ပြီးခဲ့သည့်နှစ်က တိုင်းအတွင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာယူနစ် ပေါင်း ၄၀ ယူနစ် တိုးပေးခဲ့ဖူးကြောင်း တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနထံမှ သိရသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း မြစိမ်းရောင် စီမံကိန်း လုပ်ဆောင်နေ သည့် ယူနစ်ပေါင်း ၁၄၈ ခုရှိသည်။

ထပ်တိုးရွာများ
စဉ် မြို့နယ် ကျေးရွာ
၁ လောင်းလုံး ကျောက်နီမော်
၂ ရေဖြူ နတ်တွင်း
၃ မြိတ် ခုံမော်(အရှေ့)
၎ တနင်္သာရီ ပ၀ကျွန်းရှည်
၅ ကော့သောင်း ရှစ်မိုင်
၆ ဘုတ်ပြင်း လမ်းဖိုးကမ်း