ငွေလိမ်လည်မှု မဖြစ်ပေါ်စေရန် မြစိမ်းရောင် စီမံချက်ရွာများကို သတိပေး

0
440

မြစိမ်းရောင် စီမံကိန်း လုပ်ဆောင် နေသည့် ကျေးရွာယူနစ်များ ငွေလိမ် လည်မှု မဖြစ်ပေါ်စေရန် စီမံကိန်း ဆောင်ရွက်နေသည့် မြို့နယ်များကို တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သတိပေး ထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်းရှိ မြစိမ်းရောင် စီမံကိန်း ကျေးရွာအချို့တွင် ဖုန်းဖြင့် ပုံစံအမျိုးမျိုး ပြောဆိုကာ Wave Money (မိုဘိုင်းဖုန်းဖြင့် ငွေလွဲ၊ ငွေထုတ် သည့် စနစ်)ဖြင့် ငွေလွှဲပေးရန် လိမ်လည် တောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း အထက် ပါဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးစိုးဝေက ပြောသည်။

တနင်္သာရီတိုင်းတွင်း ယင်းကဲ့သို့ လိမ်လည်မှု မဖြစ်ပေါ်စေရန်အတွက် ငွေကြေးလွှဲပြောင်းပေးရန် တောင်းခံမှု များရှိလာပါက လွှဲပြောင်းပေးခြင်း မပြုဘဲ ကျေးလက်ဒေသ ဖွံဖြိုးရေး ဦးစီးဌာနသို့ အကြောင်းကြားပေးရန် မေလ ၁၇ရက်က ညွှန်ကြားထားကြောင်း ဦးစိုးဝေက ပြောသည်။
တနင်္သာရီတိုင်းတွင်း ယင်းကဲ့သို့ လိမ်လည်မှု မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်သည့်အနေဖြင့် ယင်းသို့ ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။
“ဒီမှာတော့(တနင်္သာရီတိုင်း) မြစိမ်းရောင် စီမံကိန်းတွေမှာ ငွေလိမ် တောင်းခံတာမျိုး တစ်ခါမှ မရှိဖူးသေး ဘူး”ဟု ၎င်းက ပြောသည်။

အခြားမြို့များရှိ စီမံကိန်း ကျေးရွာ များကဲ့သို့ လိမ်လည်မှု မခံရစေရန် ကြိုတင် သတိထားလုပ်ဆောင်လျက်ရှိ ကြောင်း လောင်းလုံးမြို့နယ် ပန်ဒလဲ ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီ နာယက ဦးမင်းသိန်းက ပြောသည်။

မြစိမ်းရောင်စီမံကိန်းမှာ ယင်းစီမံ ကိန်း အကောင်အထည်ဖော်သည့် ကျေးရွာများရှိ မိသားစုများ တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ် ဆောင်နိုင်ရန်နှင့် အတိုးနှုန်း သက်သာ စွာ ငွေချေးနိုင်ရန် ကျေးရွာ တစ်ယူနစ် လျှင် ကျပ်သိန်း ၃၀၀ နှုန်း မတည် ပေးသည့် စီမံကိန်းဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း မြစိမ်းရောင် စီမံချက် ကျေးရွာယူနစ် စုစုပေါင်း ၁၄၈ ယူနစ် ရှိကြောင်း သိရသည်။