မွန်တွင် ပါတီအသစ်တစ်ခု ဖွဲ့စည်း

0
539

မွန်အမျိုးသားကိုယ်စားပြုပါတီ (Mon National Representative Party – MNRP) အမည်ဖြင့် မွန်နိုင်ငံ ရေးပါတီ အသစ်တစ်ခုကို ဒုတိယအကြိမ် ကျင်းပခဲ့သည့် မွန်နိုင်ငံရေး ညီလာခံ (Mon Politic Conference) ကနေ ဖွဲ့စည်းလိုက်သည်။
မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ပါတီဖွဲ့စည်းပုံကို ဆွေး နွေးအတည်ပြုခဲ့ပြီး မွန်အမျိုးသား ကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအတွက် အဖွဲ့ဝင် ၂၁ ဦးပါသည့် ပါတီဖော်ဆောင် ရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

“တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီတွေရဲ့ စာရင်းအရ ပြောရင်တော့ ပါတီအသစ် တိုးလာတယ်လို့ပဲ ဝန်ခံ ရမယ်၊ ဒါပေမဲ့ ခံယူချက်အရ ပြောရင် တော့ ဒီမှာတက်လာတဲ့ ကိုယ်စားလှယ် တွေ လက်ခံထားတဲ့ မွန်ကိုယ်စားပြု ပါတီက တစ်ခုပဲ၊ ဒီပါတီပဲ”ဟု ပါတီဖော် ဆောင်ရေး ကော်မတီ ဒုတိယခေါင်းဆောင် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ပါတီ မှတ်ပုံတင်မည့် ကိစ္စကိုမူ လတ် တလော မဆွေးနွေးရသေးဟု သိရသည်။

မွန်ပါတီတစ်ခုတည်းဖြစ်ရန် မွန်နိုင်ငံရေးပါတီတွေ အားလုံး ပေါင်း စည်းမှု မလုပ်နိုင်ခဲ့သော်လည်း ပါတီ ဝင်အချင်းချင်းကြား စုစည်းပေါင်းစည်း ပြီး တတိယအင်အားစုပုံစံဖြင့် မွန်အမျိုး သားကိုယ်စားပြုပါတီ ပေါ်လာခြင်းဖြစ် ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
မွန်နိုင်ငံရေး ညီလာခံကို ပထမ အကြိမ် အဖြစ် ဇန်နဝါရီလ ၁၃နှင့် ၁၄ ရက်တို့တွင် ကျင်းပခဲ့သည်။

မွန်အမျိုးသားကိုယ်စားပြု နိုင်ငံ ရေးကော်မတီအနေဖြင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီဖွဲ့စည်းရေးလုပ်ငန်း စဉ်တွင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေ စီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပါဝင် လာနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။
ကျင်းပခဲ့သည့် မွန်နိုင်ငံရေး ညီလာခံ ၂ ကြိမ်စလုံးသို့လည်း ယင်း ပါတီ ၂ ခုစလုံး တက်ရောက်ခဲ့ခြင်း မရှိပေ။