ကော့သောင်း ဆိပ်ကမ်းသာလမ်းပေါ်ရှိ ပျံကျဆိုင်တန်းများ ရွှေ့ပြောင်း

0
422

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ဆိပ်ကမ်းသာလမ်းပေါ်ရှိ ပျံကျဆိုင်တန်း များ ဘုရင့်နောင်ဈေးသို့ မေလ ၁၅ ရက် က နောက်ဆုံးထား ရွှေ့ပြောင်းခဲ့သည်။
အဆိုပါလမ်း ထပ်ပိုးကတ္တရာ ခင်းရန်အတွက် ဘုရင့်နောင်ဈေး ပထမ ထပ်သို့ ယာယီရွှေ့ခိုင်းခြင်းဖြစ်ပြီး၊ ရောင်းချနေသည့် ဆိုင်တန်းများ အခက် ခဲမရှိစေရန် ဆိုင်ပေါင်း ၅၆ ဆိုင်အား ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

လမ်းပြုပြင်ပြီးပါက ပြန်လည် ရောင်းချခွင့်ရရန် အဆင့်ဆင့် ပြန်တင်ပြ ပေးမည်ဟု ကော့သောင်းမြို့နယ် စည် ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

“စည်ပင်က လာပြောတာတော့ ယာယီလို့ ပြောတာပဲ၊ အခက်အခဲကတော့ ဈေးအပေါ်ထပ်ဆိုတော့ ရေမီးကိစ္စတွေ ရှိနိုင်တာပေါ့၊ ဈေးဆိုတာက ၆ နာရီ ကျော်မှ ဖွင့်တာလေ၊ ပုံမှန်ရောင်းနေတာ က ကမ်းနားမှာဆို ကားသမား ဆိုင် ကယ်သမား ရှမ်းကမ်း သွားသမားတွေ ဆိုတော့ အပေါ်ထိ လာတက်စား လာ ပါ့မလား၊ အစစအရာရာတော့ ပြန်စရ မယ့်သဘောပဲ”ဟု ပျံကျဈေးတန်းတွင် အစားသောက် ရောင်းချသူတစ်ဦးက ပြောသည်။