အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ရေး ADB အကူအညီဖြင့် လုပ်ဆောင်မည်

0
452
ရေဖြူမြို့နယ်၊ သဘွတ်ချောင်းကျေးရွာလမ်းတစ်လမ်းကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး/Dawei Watch

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆိုင်ရာ  အထောက်အကူပြုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်(ADB) အကူအညီ ဖြင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနထံမှ သိရသည်။

ဝင်ငွေတိုးလုပ်ငန်းများ၊ စိုက်ပျိုး ရေး၊ ရေလုပ်ငန်း စသည့်တို့အတွက် နည်းပညာပံ့ပိုးခြင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်နိုင်မည့် အစီအမံများ ကိုလည်း ဒေသလိုအပ်ချက်အလိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စီးပွားရေးနဲ့ အသက်မွေးဝမ်း ကျောင်းကို ပိုပြီးတော့ အထောက်အကူ ပြုတဲ့ အခြေခံအဆောက်အဦတွေကို ဦးစားပေးပြီးတော့ လုပ်သွားမှာ”ဟု ဦးသန်းထွန်းဦးက ဆိုသည်။

ယင်းစီမံချက်အတွက် ထားဝယ် ခရိုင်တွင် ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ် ၃ မြို့နယ်ကို ပဏာမ ရွေးချယ်ထားပြီး စီမံကိန်း ဒီဇိုင်း ရေးဆွဲရန် မြေပြင် ကွင်းဆင်းခြင်း လုပ်ငန်းများ လုပ်ဆောင်ထားပြီး ဖြစ် ကြောင်း ၎င်းက ပြောသည်။
စီမံကိန်း လုပ်ဆောင်မည့် မြို့နယ်၊ ကျေးရွာများကို ရွေးချယ်ရာ တွင် လက်တွေ့တွင် အမှန်တကယ် ဖွံ့ဖြိုးမှု လိုအပ်နေသော ကျေးရွာများကို ရွေးချယ်သင့်ကြောင့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာမှ ဦးမြင့်အောင်က ပြော သည်။

ထိခိုက်လွယ်သော လူအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို (Resilience community develop-ment project) ကို အာရှ ဖွံ့ဖြိုးတိုးတက် ရေးဘဏ်နှင့် ထားဝယ် ခရိုင်ကျေး လက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ လာမည့် ၂၀၁၉ ခုနှစ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။

ယင်းစီမံကိန်းကာလကို ၆ နှစ် သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။