စားပွဲတင် တင်းနစ်ပြိုင်ပွဲ မြိတ်ခရိုင်က ဆုသုံးဆု ဆွတ်ခူး

0
449

သုံးခရိုင် အသက် ၂၅ နှစ်အောက် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြိတ်ခရိုင် က တံခွန်စိုက်ဆု အပါအဝင် ဆုသုံးဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မေလ ၁၈ ရက်က ပြုလုပ်သည့် ဗိုလ်လုပွဲတွင် မြိတ်ခရိုင်က အသင်း လိုက် တံခွန်စိုက်ဆု၊ တစ်ဦးချင်း အကောင်းဆုံး ပထမဆုနှင့် တတိယ ဆုတို့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းအုပ်ချုပ်သူ ဦးကြည်စိုးက ပြောသည်။
“ကျွန်တော်တို့အသင်းက ဆုတွေ အများဆုံး ဆွတ်ခူးနိုင်ခဲ့လို့ မြိတ်ခရိုင် ကိုယ်စား အရမ်းဝမ်းသာမိပါတယ်။ အသင်းသားတွေကိုလည်း ကျေးဇူးတင် တယ်”ဟု ဦးကြည်စိုးက ဆိုသည်။

ယင်းပြိုင်ပွဲတွင် အသင်းလိုက် ပထမဆု (တံခွန်စိုက်ဆု)၊ ဒုတိယဆုနှင့် တစ်ဦးချင်း အကောင်းဆုံးဆု သုံးဆု၊ စုစုပေါင်း ဆုငါးဆု ချီမြှင့်ခဲ့ခြင်းဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
အသင်းလိုက် ဒုတိယဆုနှင့် တစ် ဦးချင်း အကောင်းဆုံး ဒုတိယဆုကို ထားဝယ်ခရိုင်အသင်းမှ ရရှိခဲ့ကြောင်း ဦးစိုးမိုးနိုင်ကပြောသည်။

အသင်းလိုက် ပထမဆု(တံခွန် စိုက်)ကို ကျပ်တစ်သိန်းငါးသောင်း၊ ဒုတိယဆုကို ကျပ်တစ်သိန်း ချီးမြှင့်ခဲ့ပြီး တစ်ဦးချင်း အကောင်းဆုံး ပထမဆုကို ကျပ်သုံးသောင်း၊ ဒုတိယဆုကို ကျပ်နှစ် သောင်း၊ တတိယဆုကို ကျပ်တစ်သောင်း ချီးမြှင့်ခဲ့ကြောင်း တိုင်းအားက စားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။