လာဘတဏှာနှင့် ရာထူးဌာနံ ဥပါဒါန်

0
427

လာဘော၊ အလာဘောတည်း ဟူသော လောကဓံတရားကို လူတိုင်း ကြုံဖူးကြပေမည်။ လာဘော လာဘ် လာဘရခြင်းကြောင့် စိတ်ချမ်းသာမှုကို ဖြစ်ပေါ်စေနိုင်သလို၊ အလာဘော လာဘ် လာဘမရခြင်း၊ တစ်နည်းအားဖြင့် လာဘ်လာဘ ပေါများစွာ မရခြင်းကြောင့် စိတ်ဆင်းရဲမှုကိုလည်း ဖြစ်ပေါ်စေနိုင်၏။

လာဘ်လာဘ ပေါများစွာရသော ရဟန်းရှင် လူများရှိနိုင်သကဲ့သို့၊ လာဘ် လာဘချိုတဲ့စွာဖြင့် နေထိုင်ကြရသော သူများလည်း ရှိပေမည်။ လာဘ်လာ ဘရခြင်း၊ မရခြင်းကြောင့် စိတ်ဓာတ်တက် ခြင်း၊ ကျခြင်းတည်းဟူသော အကြောင်း တရားများကိုလည်း ခံစားကြရပေမည်။ လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆူကြုံ နိမ့်မြင့်တည်းဟူသော လောကဓံတရား များကို ခံနိုင်ရည်ရှိစေရန် ကျွန်တော်တို့ ပြင်ဆင်ထားသင့်ပေသည်။ သို့မှသာ လျှင် လာဘ်လာဘရခြင်း၊ မရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ခံစားမှု၏ အကျိုးဆက်များမှ ရှောင်ရှားနိုင်ပေမည်။
လာဘ်လာဘရသောသူသည် လာဘ် လာဘကို မျှော်တတ်လာ၏။

ရိုသေ လေးစား၍သော်လည်းကောင်း၊ ချစ်ခင် ကြင်နာ၍သော်လည်းကောင်း၊ အခြား အကြောင်းတရား တစ်ခုခုကြောင့်သော် လည်းကောင်း တစ်စုံတစ်ဦးမှ အခြားသူ တစ်ဦးကို လာဘ်လာဘ ပစ္စည်းများ ပေးကမ်း လှူဒါန်းကြသည်။ ထိုလာဘ် လာဘပစ္စည်းများမှာ အဖြူထည်သဘော သတ်မှတ်၍ ရသည်။ သို့သော် ထိုအဖြူ ထည် အဖြစ်ရသော လာဘ်လာဘပစ္စည်း သို့မဟုတ် ငွေကြေး တစ်စုံတစ်ရာပေါ်တွင် တပ်မက်စိတ်၊ ယစ်မူးစိတ်ဖြစ်သွား လျှင်တော့ လာဘ်လာဘရရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားတော့ သည်။

ထိုကဲ့သို့ လာဘ်လာဘရရန်အတွက် ကြိုးစားသူများသည် အရှက်အကြောက် တရားကို ထည့်မတွက် တော့သကဲ့သို့ ဂုဏ်သိက္ခာတရားကိုလည်း အလေး မထားတော့ပေ။ လာဘ်လာဘကို တပ် မက်စိတ်၏နောက်တွင် အရာရာကို စတေးပစ်လိုက်တော့သည်။
လာဘ်စားခြင်းကို ဆင်းရဲမွဲတေ လွန်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျူး လွန်ကြသကဲ့သို့ ဖွံ့ဖြိုးပြီးသော နိုင်ငံ များတွင်လည်း ကျူးလွန်ကြသည်။ သို့သော် လာဘ်စားမှုနှုန်း အနည်းအများ တော့ ကွာသည်။ လာဘ်စားကြသူများ သည် အသေခံပြီးလည်း စားကြသည်။ လာဘ်ပေးလာဘ်ယူသူများ၊ လာဘ်စား သူများကို သေဒဏ်ပေးသည့် နိုင်ငံ များထဲတွင် တစ်နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံတွင်လည်း လာဘ်စားကြသည်။ ထောင်ချသည့် နိုင်ငံများတွင်လည်း စားကြသည်။ အိန္ဒိယကဲ့သို့ လစာ၊ ရေ၊ မီး၊ နေစရာ စသည့်ခံစားခွင့်များကို အထူး အစီအစဉ်ဖြင့်ပေးထားသည့် နိုင်ငံတွင် လည်း လာဘ်စားကြသည်။

သို့ဆိုရလျှင် မြန်မာနိုင်ငံကဲ့သို့ လစာ မစို့မပို့နှင့် အခြားခံစားခွင့် အပြည့် အဝ မပေးနိုင်သည့် နိုင်ငံမျိုးတွင် လာဘ် ပေးလာဘ်ယူကိစ္စကို လုံးဝပပျောက်သွား အောင် လုပ်နိုင်ဖို့ဆိုသည်မှာ အလွန်ခက် လှပေမည်။ သို့သော် ကိုယ်ကျင့်တရား ကောင်းသည့်၊ နိုင်ငံကြီးသားပီသသည့် နိုင်ငံများတွင်တော့ လာဘ်စားမှု လျော့ နည်းလိမ့်မည် ထင်ပါသည်။ လာဘ်ပေး လာဘ်ယူခြင်းကို မပြုလုပ်အောင်၊ ရှက်ရ ကောင်းမှန်းသိအောင် မူကြိုအရွယ် ကတည်းက လေ့ကျင့် ပျိုးထောင်ပါမှရ ပေမည်။ နော်ဝေကဲ့သို့ သောနိုင်ငံမျိုးသည် အတုယူစရာ ကောင်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပေသည်။

လာဘ်စားခြင်းကို အကြီးအကဲ လုပ်သူများအနေဖြင့် လုံးဝကင်းရပေ မည်။ သို့မှသာ ကျန်သောသူများ အတု ယူ နိုင်ကြပေမည်။ အထူးသဖြင့် ကျွန် တော်တို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၊ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့် နိုင်ငံတစ်ခုတွင် အကြီးအကဲလုပ်သူများ သည် လာဘ်ပေးလာဘ်ယူ ကင်းရပေ မည်။ သို့မှသာ နိုင်ငံတည် ဆောက်ရေး တွင် အထောက်အကူကောင်း ဖြစ်ပေ မည်။ လာဘ်ပေးလာဘ်ယူ ကိစ္စကို တပ်မက်လွန်းနေသေးသည့်၊ လာဘ်ပေး လာဘ်ယူသည့်အကျင့်ကို အရိုးစွဲနေသေး သည့် နိုင်ငံတစ်ခုတွင် လာဘ်ပေးလာဘ် ယူကိစ္စကို ပပျောက်အောင် ကြိုးစားနေ သူများအနေဖြင့် ကိုယ်တိုင်က လာဘ်ပေး လာဘ်ယူကိစ္စကို တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော် လည်းကောင်း ပါဝင်ပတ်သက်နေမည် ဆိုလျှင် မိမိ၏ မိခင်ပါတီအတွက်သော် လည်း ကောင်း၊ အနာဂတ်နိုင်ငံတော် အတွက်သော်လည်းကောင်း အလား အလာကောင်းမည် မဟုတ်ပေ။ လာဘ် ပေး လာဘ်ယူခြင်းကို ခံတွင်းတွေ့ သူများသည် အရင်လူများနည်းတူ ကျဆုံး ကြရပေမည်။

လာဘ်လာဘရခြင်းသည် ရာထူး ကြီးလေ အထုပ်ကြီးလေ၊ တစ်နည်း အားဖြင့် အရကောင်းလေဖြစ်သဖြင့် ရာထူးကြီး သူများအနေဖြင့် မိမိ၏ ရာထူးကို စွဲလမ်းမှု ဖြစ်လာသည်။ စွန့် လွှတ်ဖို့ ခက်လာသည်။ ထို့ကြောင့် ရာထူး တည်မြဲရေးအတွက် နည်းလမ်းအမျိုးမျိုး ဖြင့် ကြိုးစားကြလေတော့သည်။ ထိုကဲ့ သို့သော ဖြစ်ရပ်များကို ကျွန်တော်တို့ ခေတ်အဆက်ဆက် ကြုံဖူးကြပြီး လေပြီ။

ထိုကဲ့သို့သော သူများကို ရွံမုန်း လှပေပြီ။ ပြည်သူတွေက မိမိကို ကြိုက် နှစ်သက်မှု၊ ထောက်ခံမှု ရှိမရှိဆိုသည်ကို လည်း ဂရုမစိုက်နိုင်အား။ ပြည်သူများ၏ ဆန့် ကျင်ကန့်ကွက်မှုများကိုပင်လျှင် မျက်ကွယ်ပြုကာ မိမိရာထူး တည်မြဲရေး၊ မိမိအာဏာတည်မြဲရေးကိုသာ လုံးပမ်း နေတော့သည်။

မိမိ၏ စွမ်းဆောင်ရည်ကိုလည်း ပြန်လည်သုံးသပ်မှု မရှိ။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကလည်း ဘယ်ချောင် ရောက်သွားမှန်းမသိ။ ထိုကဲ့သို့သော အကြီးအကဲများကို၊ ထိုကဲ့သို့သော ဝန်ထမ်းများကို၊ တစ်နည်းအားဖြင့် လာဘ်လာဘတရားအတွက် ရာထူး အာဏာကို မစွန့်လွှတ်ချင်သူများကို ယခုအစိုးရ လက်ထက်မှစ၍ နောင်အစိုး ရ အဆက်ဆက်တိုင်အောင် မမြင်တွေ့လို၊ မကြားလိုတော့ပါ။ အမိမြေပေါ်တွင် ထိုကဲ့သို့သော အဖြစ်မျိုးကို မမြင်လို၊ မကြားလိုတော့ပါ။

ဤသည်မှာ အညတရပြည်သူတစ် ယောက်၏ရင်တွင်းမှ စစ်မှန်သော ဆု တောင်းသာ ဖြစ်ချေ၏။
သန်းဇော်ဦး(ရလိုင်)