လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်လုပ်ငန်းများကို ဆယ်သိန်းအထိ ငွေချေးမည်

0
549

ထားဝယ်မြို့ပေါ်ရှိ လက်ဖက် ရည် ဆိုင်၊ ထမင်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် အစရှိသည့် အလယ်လတ်တန်းစား ရှိသည့်လုပ်ငန်းများကို ငွေကျပ်ဆယ် သိန်းအထိ ချေးယူနိုင်မည့် အစီအစဉ်ကို စတင်တော့မည်ဖြစ်ကြောင်း DDPC အသေးစား ငွေရေးကြေးရေး ချေး ငွေလုပ်ငန်း တာဝန်ခံက ပြောသည်။

အလယ်လတ် တန်းစားလုပ်ငန်း များကို ချေးငွေ ကျပ် ၅သိန်းမှ ၁၀ သိန်း အထိ ချေးယူနိုင်မည့် အစီအစဉ်ကို လာမည့် ဇွန်လတွင် စတင် မည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလကို ခြောက်လ သတ် မှတ်မည်ဖြစ်ကြောင်း DDPC အသေး စားငွေရေး ကြေးရေး ချေးငွေလုပ်ငန်း တာဝန်ခံ ဦးအောင်ဇော် ဟိန်း က ဆိုသည်။

ချေးငွေအတွက် အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း (အရင်းလျော့ အတိုးလျော့) သတ်မှတ်ထားပြီး အပတ်စဉ်ပေးသွင်း သည့်စနစ်ဖြင့် ချေးမည်ဖြစ်ကာ အလူမီနီယံဆိုင်၊ ကုန်စုံဆိုင်၊ အထည် ဆိုင်၊ အအေးဆိုင် အစရှိသည့် ဆိုင်များ ချေးမည်ဖြစ်ကြောင်း သိရသည်။
“လာမယ့်လမှာ ထားဝယ်မြို့ပေါ်ကို စချေးနိုင်လိမ့်မယ်၊ နောက်ပိုင်းဆို အခြားမြို့နယ်တွေကိုပါ ချေးသွားမှာပါ”ဟု ဦးအောင်ဇော်ဟိန်းက ပြောသည်။

ချေးငွေကို လူ ၅ ဦး ဝိုင်းကြီးချုပ် စနစ်ဖြင့် အပေါင်ပစ္စည်း မလိုအပ်ဘဲ ချေးမည်ဖြစ်ပြီး ချေးငွေလျှောက်ထားလာ ပါက လုပ်ငန်းကို ကွင်းဆင်းစစ်ဆေး မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုန့်ဟင်းခါးဆိုင်၊ ကမ်းနားဈေး ပျံကျဈေးသည်များ အစရှိသည့် ဆိုင် များကို ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိ ချေးယူနိုင်သည့် စနစ်ကို ပြီးခဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပြီး လက်ရှိ အချိန်ထိ ၁၇၀ ဦးကို ချေးပေးခဲ့ပြီး လျှောက်လွှာတင် ထားသူ ၃၀၀ ဦး ခန့်ရှိပြီဖြစ်ကြောင်း DDPC အသေးစား ငွေရေးကြေးရေး ချေးငွေလုပ်ငန်း တာဝန် ခံထံမှ သိရသည်။