စည်းကမ်းမဲ့ အမှိုက်ပစ်သူ ဒဏ်ငွေ ကျပ်နှစ်သိန်း သတင်းပေးသူ ဆုငွေ ကျပ်တစ်သိန်း

0
1014
စည်မ်းကမ်းမဲ အမှိုက်မပစ်ရန် ထားဝယ်မြို့ကမ်းနားလမ်းတစ်နေရာတွင် သတိပေးထားသည်ကိုတွေ့ရစဉ် ။ ဓာတ်ပုံ - ဝေယံစိုး/Dawei Watch

ထားဝယ်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ငွေကျပ်နှစ်သိန်း ဒဏ်ရိုက်မည်ဖြစ်ပြီး သတင်းပေးတိုင် ကြားသူကို ဆုကြေး ငွေကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

မြို့အတွင်းရှိ ချောင်း၊ မြောင်း များအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်သူများနှင့် လမ်းမပေါ်တွင် အမှိုက် များ အထုပ်လိုက် စွန့်ပစ်သူများကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု တွေ့ရှိပါက ဓာတ်ပုံရိုက်ကာ တိတိ ကျကျ တိုင်ကြားပေးရန် လိုအပ်ပြီး သတင်းပေးတိုင်ကြားသူကို လျှို့ဝှက် ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။မေလ ဒုတိယအပတ်မှ စတင် တိုင်ကြားနိုင်ပြီ ဖြစ်သည်။

“လာတိုင်တဲ့သူကို ထုတ်ပြန်မှာ မဟုတ်ဘဲ ရန်လိုအမုန်းပွားမှုတွေ ဖြစ် လာမှာစိုးလို့ လျှို့ဝှက်ပေးထားမယ်”ဟု ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
ဒဏ်ကြေးငွေ ကျပ် ၂သိန်းအနက် တစ်သိန်းကို သတင်းပေးသူကို ပေးအပ် မည်ဖြစ်ပြီး ကျန်သည့်ငွေ ကျပ်တစ်သိန်း ကို စည်ပင်သာယာရေး ရန်ပုံငွေအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို ပြည်သူလူထုအား တိုင်ကြားစေခြင်း ထက် CCTV ကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ကာ စောင့်ကြည့် အရေးယူ သင့်ကြောင်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်နေ ကိုလှသိန်းက ဆိုသည်။

“ဒီလိုဒဏ်ကြေး သတ်မှတ်လိုက် တာတော့ ကောင်းတယ်၊ ဒါပေမယ့် အမှိုက်သိမ်း စနစ်ကိုလည်း ကောင်းမွန် လုံလောက်အောင် လုပ်ပေးဖို့လိုတယ်”ဟု ကိုလှသိန်းက ပြောသည်။

ဒဏ်ကြေးငွေတပ်ရိုက်မှုက လမ်း ဘေး အမှိုက်ပုံးများတွင် အမှိုက်ပစ် ခြင်းနှင့် မသက်ဆိုင်သော်လည်း လမ်းနံ ဘေးအမှိုက်ပုံးများ အမြင်တင့်တယ် စေရန် စည်းကမ်းတကျ စွန့်ပစ်စေလို ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ထားဝယ်မြို့အတွင်းရှိ အမှိုက်များ ကို စည်ပင်သာယာရေးပိုင် အမှိုက်သိမ်း ယာဉ် ၅စီးနှင့် ပုဂ္ဂလိက အမှိုက်သိမ်း ယာဉ် ၇ စီးတို့ဖြင့် နေ့စဉ်သိမ်းဆည်း နေကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။