နေအိမ်မီးရှို့သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲ

0
453

ထားဝယ်မြို့နယ် ကျောက်မဲတောင် ရွာရှိ နေအိမ်တစ်လုံး မီးရှို့ခံရသည့်ဖြစ် စဉ်တွင် မီးရှို့သူအား ထောင်ဒဏ် တစ် သက်တစ်ကျွန်း ကျခံရနိုင်သည့် ပုဒ်မဖြင့် အရေးယူထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၁၂ ရက်ညက ကျောက်မဲ တောင်ရွာ ဥယျာဉ်ခြံအတွင်း ဆောက် လုပ်ထားသည့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်တစ်လုံးကို အဆိုပါရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ အရက်ကြောင် နေသည့် အမျိုးသားက မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားကို ရာဇသတ် ကြီး ပုဒ်မ- ၄၃၆ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး လက်ရှိတွင် ထားဝယ်အကျဉ်း ထောင်၌ ချုပ်နှောင်ထားကြောင်း ကျောက်မဲ တောင်နယ်မြေစခန်းမှူး ရဲအုပ် ခင်မောင်ဦးက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၄၃၆ ကို ကျူးလွန်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် ပါ ချမှတ်နိုင်သည်။
နေအိမ်မီးရှို့သည့် အမျိုးသားက အရက်ကြောင်နေသည်ဟု ပတ်ဝန်းကျင် နေသူများ၏ ပြောပြချက်ကို ကိုးကား၍ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်မီးရှို့သူက မိသားစုဝင် များကို ဆဲဆိုခြိမ်းခြောက်ခဲ့ဖူးပြီး မည် သည့်ရန်ငြိုးရန်စမှ မရှိခဲ့ဖူးကြောင်း မီး ရှို့ခံရသည့် နေအိမ်ပိုင်ရှင် မိသားစုဝင် တစ်ဦးဖြစ်သူ ကိုပြည့်ဇော်သန့်က ဆိုသည်။

“ကျွန်တော့်စိတ်ထဲမှာ နည်းနည်း တော့ ထူးဆန်းနေတာပေါ့ ၊ ဘာရန်ငြိုး မှ မရှိဘဲ ဒီလိုလုပ်တာ”ဟု ကိုပြည့်ဇော် သန့်က ပြောသည်။
နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ကွမ်းသီးပင်များကို ခုတ်လှဲဖျက် ဆီးခဲ့ကြောင်း အိမ်မီးရှို့ခံရသည့် မိသား စုထံမှ သိရသည်။