တိုင်းဒေသကြီးနှင့် ပြည်နယ် စစ် တုရင်ပြိုင်ပွဲ တနင်္သာရီအသင်း အဆင့် ၅ တွင် ရပ်တည်

0
353

နေပြည်တော် ဝဏ္ဏသိဒ္ဒိအားကစား ရုံတွင် မေလ ၂ ရက်မှစတင် ကျင်းပခဲ့ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး ကိုယ်စားပြုအသင်းက အဆင့် ၅ ရပ်တည်ခဲ့ကြောင်း မြိတ်မြို့နယ်မှ စစ်တုရင် ကစားသမားများထံမှ သိရ သည်။

ပြိုင်ပွဲအမျိုးအစား လေးမျိုးပါဝင် ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားပြုအသင်း ၁၅ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကာ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အသင်းလိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းကိုယ်စားပြုအသင်းက အဆင့် ၅ ချိတ်ခဲ့ကြောင်း စစ်တုရင်ကစား သမားတစ်ချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အဆင့် ၆ ရရှိ ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် အဆင့်တစ်ဆင့် တက်ကာ နံပါတ် ၅ နေရာတွင် ရပ် တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို တနင်္သာရီတိုင်း ဒေသကြီး ကိုယ်စားပြုအသင်းမှ စစ်တု ရင်ကစားသမား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း စစ်တုရင် ကစားသမား ၁၆ ဦးတို့ ပါဝင်ခဲ့ကြောင်း ပြိုင်ပွဲဝင် ကစားသမားတချို့ထံမှ သိရ သည်။