လူသစ်တန်း လက်ဝှေ့ပြိုင်ပွဲ တံခွန်စိုက်ဆု သရက်ချောင်း ၂ နှစ်ဆက် ဆွတ်ခူး

0
449

မြို့နယ်ပေါင်းစုံ လူသစ်တန်း အသက် ၂၅ နှစ်အောက် အမျိုးသား လက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းဆု ကို သရက်ချောင်းမြို့နယ်က ၂ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် သရက်ချောင်း မြို့နယ်မှ ၄၈ နှင့် ၆၀ ကီလိုတန်းတွင် ရွှေနှစ်ခု၊ ၅၁ ကီလိုတန်းတွင် ငွေတစ်ခု၊ ၅၄ ကီလိုတန်းတွင် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သဖြင့် စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့ ခြင်းဖြစ်ကြောင်း အထက်ပါအားကစား ဌာနမှ အားကစားမှူး ဦးဝင်းမောင်လေး က ပြောသည်။

ဒုတိယဆုကို လောင်းလုံးအသင်းမှ ရရှိခဲ့ပြီး ပထမဆု (စုပေါင်း တံခွန် စိုက်ဆု)ကို ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ခုနှစ်သောင်း၊ တတိယဆု ကျပ် ငါးသောင်းနှင့် လည်ဆွဲဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယခုနှစ် တိုင်းအဆင့် မြို့နယ်ပေါင်း စုံပြိုင်ပွဲကို တိုင်းအတွင်း လက်ဝှေ့အား ကစား အထူးချွန်ဆုံးဖြစ်သည့် သရက် ချောင်းမြို့နယ်တွင် မေလ ၃ ရက်မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။

ယမန်နှစ် ပုလောမြို့နယ်တွင် ကျင်းပသည့် ဆယ်မြို့နယ် လူသစ်တန်း အသက် ၂၅ နှစ်အောက် အမျိုးသား ပြိုပွဲတွင်လည်း စုပေါင်းတံခွန်စိုက်ဆုကို သရက်ချောင်းမြို့နယ်ကပင် ဆွတ်ခူး နိုင်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။