ထားဝယ်တက္ကသိုလ်တွင် အားကစားခန်းမ ဖွင့်မည်

0
464

ထားဝယ်တက္ကသိုလ်၊ ပင်မဆောင် အားကစားဌာနတွင် ကိုယ်လက်လှုပ် ရှား အားကစားခန်းမ(Gym )တစ်ခုကို ယခု ပညာသင်နှစ် ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်ပြီး ကစား ခွင့်ပြုမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ထံမှသိရသည်။
ယင်းအားကစားခန်းမရှိ စက် ပစ္စည်းများမှာ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ကတည်းက ထားဝယ်တက္ကသိုလ်တွင် ရှိနေခဲ့သော်လည်း တပ်ဆင်ပေးမည့်သူ မရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကစားခွင့် မရခဲ့ကြောင်း ယင်းတက္ကသိုလ် အားကစားနည်းပြ ဒေါ်သန္တာဝင်းကပြောသည်။

“သိမ်းထားတာတော့မဟုတ်ဘူး ပေါ့နော်၊ တစ်လုံးတော့ တပ်ဆင်ပေးထား တယ်။ အခုက ရန်ကုန်က ပညာရှင်တွေ ခေါ်ပြီးတော့ ဒီမှာရှိပြီးသားစက် ငါးမျိုး စလုံးကို တပ်ဆင်ပေးလိုက်တာ”ဟု ဒေါ်သန္တာဝင်းက ဆိုသည်။
ယခင်ပညာသင်နှစ်ကတည်းက ယင်းအားကစားပစ္စည်းများ တပ်ဆင် ပေးရေးအတွက် ကျောင်းအပ်ချုပ်ရေး အဖွဲ့အား ကျောင်းသားများသမဂ္ဂက တောင်းဆိုပေးရန် တချို့ကျောင်းသား၊ ကျောင်းသူများ လာရောက်ပြောဆို ခဲ့ဖူးကြောင်း ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုကျော်ရဲသူက ပြောသည်။

“အခုကိုယ့်ကျောင်းမှာ ကိုယ်ကစား ခွင့်ရပြီဆိုတော့ ဝါသနာပါတဲ့ကျောင်း သားတွေ မြို့ထဲသွားပြီး ကစားနေစရာ မလိုတော့ဘူးပေါ့” ဟု ကိုကျော်ရဲသူက ဆိုသည်။
ကျောင်းသားများ ယင်းအားကစား နည်းကို စိတ်ဝင်စားသူများပါက ကိုယ် လက်လှုပ်ရှား အားကစားခန်း ချဲ့နိုင်ရန် နှင့် စက်ပစ္စည်းများ ထပ်မံဖြည်တင်း ပေးနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနထံ တင်ပြပေးမည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ပြောသည်။