လျော်ကြေးနှင့် ရွှေ့ပြောင်းမှုများ နိုင်ငံတကာ လုပ်ထုံးနှင့်ညီစေရန် ထီးခီးလမ်း ကော်မတီဝင်များကို သင်တန်းပေးမည်

0
438

လျော်ကြေးပေးခြင်း၊ ရွှေ့ပြောင်း ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်ညီစေရန် မြေယာစီမံ ခန့်ခွဲမှု ကော်မတီဝင်များကို ယခုလ တတိယအပတ်တွင် သင်တန်းပေးမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

အဆင့်မြှင့်တင်မည့် နှစ်လမ်းသွား ထီးခီးလမ်းနှင့် မလွတ်ကင်းသည့် လူနေ အိမ်များ၊ ဥယျာဉ်ခြံမြေများ နေရာချထား ခြင်းနှင့် လျော်ကြေးငွေကိစ္စများ ဆောင်ရွက် ရန် တစ်ရွာလျှင် ဒေသခံကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သည့် အဆိုပါကော်မတီ အဖွဲ့ဝင်များကို သင်တန်းပေးမည် ဖြစ်သည်။

အဆိုပါ ကော်မတီကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်း ခဲ့ပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဌာနဆိုင်ရာများ၊ KNU တာဝန်ရှိသူများ၊ ဒေသခံများပါဝင် ကြောင်း ၎င်းက ဆိုသည်။
“ရွှေ့ပြောင်းမှု၊ လျော်ကြေးနဲ့ ပတ် သက်ပြီးတော့ နိုင်ငံတကာလုပ်ထုံး လုပ်နည်းနဲ့ ဘယ်လိုလုပ်တယ်ဆိုတာကို သင်တန်းပေးဖို့ စီစဉ်နေပါတယ်”ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။

အဆိုပါ လမ်းအဆင့်မြှင့်ခြင်း လုပ်ငန်း ကို လပေါင်း ၃၀ အပြီး လုပ်ဆောင်မည် ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၅ ရွာကို ဖြတ်သန်းရမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်လောက်ရွာ၊ တလိုင်းယာ၊ ပိတောက်ကုန်း၊ ကလုံးထာ၊ ဝါးတော၊ ထီးခီး အစရှိသည့် ရွာများကို ဖြတ်သန်း ရမည် ဖြစ်သည်။
လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်ကို မြေသားလမ်း ဖောက် လုပ်ထားပြီး ပြန်လည်အဆင့်မြှင့်တင်ချိန် တွင် လက်ရှိလမ်းအူကြောင်း၏ ၈၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ဖြစ်သွားမှာ၊ ပိုပြီးတော့ စံနစ်ကျသွားမှာ ပေါ့၊ ပြည်သူလူထုအတွက်လည်း ပိုပြီး တော့ ကောင်းကျိုးတွေများမှာပါ”ဟု တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
ထားဝယ်ထီးခီးလမ်း အကောင် အထည်ဖော်ချိန်တွင် ဒေသခံများအပေါ် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ပြီး ကျေး လက်နေ ဒေသခံများကို ရှင်းရှင်းလင်း လင်း ချပြနိုင်မှသာ ပူးပေါင်းပါဝင်မှုရှိလာ မည်ဖြစ်ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။

“သူတို့အမြင်တွေကိုလည်း လေး စားရမယ်၊ သဘောထားတွေကို လေးစား ရမယ်၊ အဲဒါ အဓိကအချက်ပါပဲ”ဟု ပဒို စောအယ်နားက ပြောသည်။
လမ်းအဆင့်မြှင့်မည့် ပုံစံတွင် လမ်းတစ်ဖက်တစ်ချက်ကို မီတာ ၂၀ ရှင်းလင်းမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် များ ဖြတ်သန်းနိုင်မည့် နေရာ ၁၁ ခု ပါဝင်မည်ဖြစ်ကြောင်း အဆိုပါလမ်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ အပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့်လုပ် ငန်းအတွက် ထိုင်းနိုင်ငံ(NEDA) ထံမှ ချေးငွေယူရန်မတ်လ ၂၆ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ထောက်ခံမဲ ၃၇၄ ၊ ကန့်ကွက် မဲ ၂၁၀၊ ကြားနေမဲ ၆ မဲတို့ဖြင့် အတည်ပြုခဲ့ ဆုံးဖြတ်ခဲ့သည်။

ယင်းချေးငွေကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂၀ တွင် ၀.၁ ရာခိုင်နှုန်း အတိုးဖြင့် ပေးဆောင် ရမည် ဖြစ်သည်။
ယခင် အစိုးရ လက်ထက်ကတည်း က ချေးငွေရယူရန် မူအားဖြင့် သဘော တူထားခဲ့သော်လည်း အစိုးရ အကူး အပြောင်းကြောင့် အချိန်ကြန့်ကြာနေ ခဲ့သည်။
လမ်းလုပ်ငန်းအတွက် ထိုင်းနိုင်ငံ တွင် မှတ်ပုံတင်ထားသည့် ဆောက်လုပ် ရေးကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် အဆင့် ၄ ရှိ မြ၀တီ- ကော့ကရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည်ဖြစ်ကြောင်း သိရသည်။