မိုးရာသီသစ်ပင်စိုက်ရန် ပျိုးပင်လိုက မြို့နယ်သစ်တောဦးစီးဌာနတွင် တောင်းယူပါ

0
479

မိုးရာသီတွင် သစ်ပင်များစိုက်ပျိုး လိုပါက သက်ဆိုင်ရာမြို့နယ် သစ်တော ဦးစီးဌာနရုံးများတွင် ပျိုးပင်များ ဆက် သွယ်တောင်းယူနိုင်ကြောင်း သစ်တော ဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူးက ပြောသည်။
ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား အစရှိသည့် သစ်ပင်များ စိုက်ပျိုးလိုက ပျိုးပင်ရယူရန် မြို့နယ်ရုံးများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သစ် တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်း ဝင်း(၂) က ဆိုသည်။

လာမည့်မိုးရာသီတွင် ခရိုင်အတွင်း သစ်ပင်ပေါင်း တစ်သိန်းကျော် စိုက်ပျိုး မည်ဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စိုက်မယ်ဆိုရင် သက်ဆိုင်ရာ မြို့ နယ်ရုံးတွေကို ဆက်သွယ်ပြီး လျှောက် လွှာတင်လို့ရပြီ”ဟု ဦးဆန်းဝင်း(၂)က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ပျိုးပင်သွား လျှောက်ရာတွင် အခက်အခဲ တစ်စုံတစ် ရာမရှိဘဲ ပျိုးပင်ရရှိခဲ့သည့်အတွက် အခုနှစ်တွင်လည်း သွားယူဖြစ်မည်ဟု လောင်းလုံးမြို့နယ် အောက်ရေဖြူရွာနေ ဦးမောင်မောင်အေးက ပြောသည်။

ခရိုင်အတွင်း တစ်အိမ်ထောင် ပျဉ်းကတိုး ၃ ပင် စိုက်ပျိုးသည့်စနစ်၊ ကျေးရွာပိုင် တစ်ရွာတစ်ဧက စိုက်ခင်း စနစ်၊ ကျေးလက်လမ်း အပါအဝင် လမ်း ဘေးဝဲယာတွင် စိုက်မည့်ပျိုးပင်၊ ဌာန ဆိုင်ရာနှင့် လူထုစုပေါင်းစိုက်ပျိုးမည့် ပျိုးပင်များ အပါအဝင် စုစုပေါင်းပျိုးပင် တစ်သိန်းကျော် (၁၁၈၃၀၀ ပင်)ကို စိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။
ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား ပျိုးပင်၊ ပိတောက်ပင် အစရှိသည့် ပျိုးပင် အမျိုးအမည်ပေါင်း ၁၀ မျိုးကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။