တိုင်းတွင်း ကြက်ခြေနီအသင်းများ အရေးပေါ်လုပ်ငန်းအတွက် မော်တော်ယာဉ်များ လိုအပ်

0
378

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် အသီးသီးရှိ ကြက်ခြေနီအသင်းများ အနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် မော်တော်ယာဉ်များ လိုအပ်နေကြောင်း တိုင်းကြက်ခြေနီ အသင်း တာဝန်ရှိသူနှင့် ထားဝယ်မြို့နယ် အသင်းဝင်များက ပြောသည်။

လက်ရှိတွင် အသင်းပိုင်ကားများ မရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေး ကူညီရေး လုပ်ဆောင်ရမည့်အချိန်များ တွင် မိတ်ဖက်အဖွဲ့အစည်းများ၏ ယာဉ် များကို အားကိုးလိုက်ပါနေရခြင်း၊ အသင်းဝင်တစ်ဦးခြင်းစီ၏ ဆိုင်ကယ် များဖြင့် အလျင်းသင့်သလို သွားလာနေ ရခြင်းတို့ကြောင့် လုပ်ငန်းနှောင့်နှေးခြင်း၊ အချိန်နှင့် တပြေးညီ မကူညီ မဆောင် ရွက်နိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း ကြက်ခြေနီအသင်း၏ တနင်္သာရီတိုင်း အုပ်ချုပ်ရေး အထောက်အကူပြုအရာရှိ ဦးမြင့်နိုင်က ပြောသည်။

“သွားတော့မယ်ဆို စီးဖို့က မရှိဘူး၊ ဒီတော့ ခက်ခဲတယ်။ ပြေလည်တဲ့နည်းနဲ့ (ဆိုင်ကယ်)တစ်စီးကို နှစ်ယောက်သယ်၊ အဲလို လုပ်နေရတယ်။ ကားတစ်စီး လောက် ရှိရင်တော့ ပိုအဆင်ပြေတာပေါ့၊ ကျွန်တော်တို့မှာ သွားဖို့ဟာတစ်ခု အလို အပ်ဆုံး ဖြစ်နေတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

ကြက်ခြေနီအသင်း၏ မြို့နယ် တိုင်းတွင် အနည်းဆုံး တပ်ခွဲတစ်ခုရှိပြီး တပ်ခွဲတစ်ခုတွင် တပ်ဖွဲ့ဝင် ၄၃ ဦးစီ ရှိကြောင်း တိုင်းကြက်ခြေနီအသင်းထံမှ သိရသည်။
ထားဝယ်နှင့် မြိတ်တို့တွင် တပ်ခွဲ ၃ ခုခန့်ထိ စာရင်းရှိကြောင်း ယင်းအသင်း ထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်သည်။