ရန်ကုန် စိတ်ကျန်းမာရေး သွားကုလိုက လူမှုရေးဝန်ကြီးထံ တိုက်ရိုက် အကူအညီတောင်းနိုင်ဟုဆို

0
392

ထားဝယ်ဒေသရှိ စိတ်ကျန်းမာရေး မကောင်းသူများ ရန်ကုန်မြို့ရှိ စိတ် ကျန်းမာရေးဆေးရုံကြီးတွင် သွားရောက် ကုသလိုက ၎င်းထံ တိုက်ရိုက်အကူအညီ တောင်းခံနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးက ပြောသည်။

စိတ်ကျန်းမာရေး မကောင်းသူ အတွက် အာမခံမည့် မိသားစုဝင်များရှိပါ က ၎င်းထံလာရောက် အကူအညီတောင်း ခံနိုင်ပြီး ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ဆေးဝါးကုမှုခံယူရန်ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း လူမှု/စည် ပင်ဝန်ကြီး ဦးဟိုပင်က ဆိုသည်။
ရောဂါသက်သာလာပါက ပြန်ခေါ် ရန် အာမခံသူရှိမှသာ စိတ်ကျန်းမာရေး ဆေးရုံကြီးက လက်ခံကုသပေးသည့် အတွက် လူနာ၏မိသားစုဝင်က အာမခံ ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တာဝန်အရ လုပ်တာ မဟုတ်ဘူး၊ ပရဟိတစိတ်နဲ့ လုပ်နေတာပါ”ဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။
ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ တွင် လာရောက်ကုသသည့် လူနာများ သက်သာလာသော်လည်း မိသားစုဝင် များနှင့် အဆက်အသွယ် မရသည့်အတွက် ဆေးရုံတွင် သောင်တင်နေသူ ၃၀၀ ကျော်ရှိနေကြောင်း စိတ်ကျန်းမာ ပညာ ဌာန၊ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ ရေးဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ တင်ဦးက ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင် အတွင်းရှိ စိတ်ကျန်းမာရေးမကောင်းသူ ၃ ဦးကို ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ၂ ဦးကို ထပ်ပို့ရန် စီစဉ်နေ ကြောင်း ဦးဟိုပင်က ပြောသည်။

အကူအညီတောင်းခံလာပါက ကားဖြင့် ပို့ဆောင်ရာတွင် ကျသင့်မည့် ငွေကြေးအတွက် အလှူရှင်များနှင့် ချိတ် ဆက် ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ကျန်းမာ ရေးဆေးရုံသို့ ရောက်ရှိပါက ကုသမှု အပိုင်းအတွက် ဆေးရုံတာဝန်ခံနှင့် ညှိနှိုင်းကုသရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်ဆေးရုံကြီးတွင် စိတ်ရော ဂါကုသနိုင်မည့် စိတ်ရောဂါကု ဆရာဝန် ကြီး ခန့်ထားပေးနိုင်ခြင်း မရှိသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေမှုများ ရှိသည်။
လက်ရှိအနေအထားအရ ရန်ကုန် စိတ်ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးမှုကို လက်ခံကြိုဆိုသော်လည်း ဒေသခံများ ပိုမိုအဆင်ပြေစေရန် ထားဝယ် ဆေးရုံကြီးတွင် စိတ်ရောဂါ ကုသနိုင်မည့် ဆရာဝန်ကြီးထားရှိနိုင်ရန် လိုအပ်ကြောင်း ထားဝယ်မြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ဆိုသည်။