အိမ်ဝင်းအတွင်းသို့ မီးကွင်းပစ်ခံရမှု တရားခံအမြန်ဖော်ထုတ်ပေးရန် အိမ်ရှင်များလိုလား

0
352

ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ နှင်းဆီ လမ်းတွင် နေအိမ် ၂ လုံး ဒီဇယ်ဆီမီးကွင်း ပစ်ခံရပြီး မီးကွင်းပစ်သည့် တရားခံအား အမြန် ဖော်ထုတ်ပေးစေလိုကြောင်း အိမ် ရှင်များက ပြောသည်။
တရားခံမမိသေးသဖြင့် လက်ရှိ တွင် မည်သည့်အချိန် မီးကွင်း ထပ်ပစ် ခံရမည်ကိုတွေးကာ ညတိုင်း ကြောက် လန့်နေရကြောင်း ယင်းအိမ်တို့မှ အိမ်သား များက ပြောကြသည်။

မေလ ၇ ရက်ည ၁၀ နာရီခွဲခန့် တွင် နှင်းဆီလမ်းအတွင်း အမှတ် ၄၆ နှင့် အမှတ် ၄၇ အိမ်ဝင်း ၂ ခုအတွင်း မီးတောက်လောင်လာသဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ကြရာ အမှတ် ၄၆ အိမ်ဝင်း၏ အိမ်ရှေ့ သစ်ပင်ပန်းပင်ငယ်များ မီး လောင်ခဲ့ပြီး အိမ်အမှတ် ၄၇ တွင် တာလ ပတ်အမိုးတစ်ခု လောင်ကျွမ်းခဲ့သည်
“အားလုံးလောင်အောင် ဖန်တီး လိုက်တာပဲ၊ လုံးဝအိပ်ပျော်နေချိန်ဆို အားလုံး ကုန်ပြီပဲ” ဟု မီကွင်းအပစ်ခံ ရသည့် အိမ်အမှတ် ၄၆ မှ ဒေါ်တင်တင် ဝင်းက ပြောသည်။

အိမ်ဝင်းနှစ်ခုစလုံး တပြိုင်တည်း မီးထလောင်ပြီး မီးလောင်သွားသည့် တာလပတ်အမိုးအစွန် မြေကြီးတွင် ဒီဇယ် ၃ ပုံ ၂ ပုံခန့် ရှိသေးသော ရေသန့် ဘူးအကြည်တစ်လုံးတွေ့ရသဖြင့် မီးကွင်း ပစ်ခံရသည်မှာ ထင်ရှားကြောင်း အိမ်ရှင် များက ပြောကြသည်။
“တရားခံ မိစေချင်တယ်။ သူ့သ ဘောနဲ့သူ လုပ်တာလား၊ တစ်ယောက် ယောက်က ခိုင်းတာလား သိချင်တယ်၊ ခုက ညတိုင်း ထိတ်လန့်နေရတယ်”ဟု မီးကွင်းပစ်ခံသည့် အိမ်အမှတ် ၄၇ မှ ဒေါ်နန်းလဲ့လဲ့အောင်က ပြောသည်။

ယင်းအမှုအား မည်သို့ ဆောင်ရွက် နေသည်ကို ထားဝယ်မြို့ရဲစခန်းတွင် ၂ ကြိမ်တိုင်တိုင် သွားရောက် မေးမြန်းရာ စခန်းမှူး မအားလပ်သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။
Tညေငညအ့မေပင ဏသူငခန ဖေ့စ်ဘုတ် စာမျက်နှာတွင်မူ ယင်းအမှုအား ထားဝယ် မြို့မရဲစခန်းမှ ရဲအုပ် စိုးနိုင်နှင့်အဖွဲ့နှင့် ပိန္နဲတော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးတို့မှ တရားခံအား စုံစမ်း ဖော်ထုတ်လျက်ရှိပါကြောင်း မေလ ၁၀ ရက်က ရေးသားထားသည်။
မီးကွင်းအပစ်ခံရသည့် အိမ်နှစ်အိမ် သည် ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က ကျူးကျော်ဟု သတ်မှတ်ကာ နေအိမ်များ ဖျက်သိမ်းဖယ်ရှားပေးရန် အကြောင်းကြားခံရသည့် နေအိမ် ၂၃ လုံးတွင် ပါဝင်သည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် က ယင်းလမ်းအတွင်း နေထိုင်သည့်အိမ် ၂၃ လုံးထံသို့ ၎င်းတို့နေထိုင်သည့် အိမ် များသည် ကျူးကျော်နေအိမ်များဖြစ်ပြီး ၁၀.၂.၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖျက်သိမ်းဖယ်ရှားပေး ကြရန် ထားဝယ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ စာပေးပို့ခဲ့ဖူးသည်။

ထို ၂၃ အိမ်အား ယင်းအိမ် နောက် ဖက်ရှိ တိုင်းအစိုးရအစီအစဉ်ဖြင့် တည် ဆောက်နေသော ကျူးကျော်အိမ်ရာတွင် အိမ်လခဖြင့် နေရာချထားပေးရန် စီစဉ် ခဲ့သည်။
ထိုအိမ်များက ယင်းသို့ ပြောင်းရွှေ့ နေရာချပေးမှုကို ငြင်းဆန်ထားကြကာ ၎င်းတို့သည် ထိုနေရာတွင် လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကတည်းကနေထိုင်လာပြီး မြေခွန်၊ စည်ပင်ခွန်တို့ တရားဝင်ပေး ဆောင် နေထိုင်ကြကြောင်း ပြောဆိုထား သည်။

လက်ရှိတွင် ကျူးအိမ်ယာကို ဆက် လက်အကောင်အထည်ဖော် ဆောက်လုပ် နေဆဲဖြစ်ပြီး စုစုပေါင်း အိမ်ရာ ၅ လုံး ရှိနေပြီ ဖြစ်သည်။