မြိတ်တွင် ပိုက်ဆံအိတ်များ လုယက်ခဲ့သည်ဟု ယူဆရသူ ငါးဦး ဖမ်းမိ

0
480

မြိတ်မြို့ပေါ်တွင် ပိုက်ဆံအိတ်များ လုယက်ခဲ့သည်ဟု ယူဆရသူ အမျိုးသား ငါးဦးအား မေလ ၈ ရက်က ဖမ်းမိခဲ့ ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်က ကလွင်ကျေးရွာအုပ်စု ရေပုန်းရပ်ကွက် တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယက်မှုတစ်ခုဖြစ်ခဲ့ရာ ပတ်ဝန်းကျင် နေသူများ၏ အကူအညီဖြင့် လုယက်သူ အမျိုးသားနှစ်ဦးအား ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။

ယင်းလူငယ်နှစ်ဦး၏ ထွက်ဆို ချက်အရ ဇေယျာသိရီ (၁) ရပ်ကွက်တွင် နေထိုင်သည့် အခြား အမျိုးသားတစ်ဦး ကိုလည်း နေအိမ်တွင် ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲခန်းထံမှ သိရသည်။
ယင်းနေအိမ်တွင် အလေးချိန် ၁ မတ် သားခန့်ရှိ လော့ကတ်သီး၊ အသည်းနှလုံး ပုံပါ ရွှေခြေကျင်းတစ်ခုနှင့် ဖုန်း ၃ လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး ပိုင်ဆိုင် သည့် အထောက်အထား ပြောဆိုနိုင် ခြင်း မရှိကြောင်း ယင်းရဲစခန်း၏ မှတ် တမ်းတွင် ဖော်ပြသည်။
ယင်းပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းမိခဲ့ပြီး ၎င်းတို့ထံမှ အထောက် အထားမပြနိုင်သည့် ဖုန်း ၅ လုံး ထပ်မံ သိမ်းဆည်းခဲ့ကြောင်း ယင်းမှတ်တမ်း အရ သိရသည်။

ဖမ်းမိခဲ့သည့် အမျိုးသား ၅ ဦးအား ပုဒ်မ ၃၈၂ (ခိုးမှုကို ကျူးလွန်ရန်အလို့ ငှာ၊ သေစေရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ် စေ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူး လွန်သောခိုးမှု) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖုန်းများလုယက်ခဲ့သူတို့အား သုံး ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ စခန်း မှူး ဒုရဲမှူးချိုလွင်က ပြောသည်။

လုယက်ခံရသည့် ပစ္စည်းပိုင်ရှင် များအနေဖြင့် မြိတ်မြို့မရဲစခန်းတွင် မိမိ ပိုင်ဆိုင်သည့် ဖုန်းများ ဟုတ်/မဟုတ် လာရောက်ကြည့်ရှုပြီး ပစ္စည်းပိုင်ဖြစ် ပါက တရားရုံးတွင်စွဲချက် တင်ပြီးနောက် မိမိပစ္စည်းကို ထုတ်ယူနိုင်ကြောင်း မြို့မ ရဲစခန်းထံမှ သိရသည်။

မြိတ်တွင် နေ့ခင်းကြောင်တောင် နှင့် ညဘက်အချိန်များတွင် လူပြတ်သည့် နေရာတို့၌ ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယက်မှုများနှင့် နေအိမ်၊ ဖုန်းအရောင်း ဆိုင်၊ ဈေးအရောင်းဆိုင်တချို့တို့ တွင် ဖုန်းပျောက်ရှမှုများ မကြာမကြာ ဖြစ်ပွား လျက်ရှိသည်။