မွန်ရှိ အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူကို သဘာဝ ခရီးသွားလုပ်ငန်းဇုန် သတ်မှတ်ရန် စီစဉ်

0
501

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဝါးပြန့်ကုန်းကျေးရွာအနီးရှိ အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူကို သဘာဝခရီးသွားလုပ်ငန်း(Eco Tourism) ဇုန် သတ်မှတ်ရန် စီစဉ်လျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ သတ်မှတ်နိုင်ရန် ပြည် နယ်အစိုးရအဖွဲ့ ဦးဆောင်ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“သဘာဝခရီးသွားလုပ်ငန်း လုပ်ဖို့ လုပ်ရမယ့်အရာတွေ ပြုပြင်ရမယ့်အရာ တွေ ရှိတယ်။ ဒါကို ပြည်နယ်အစိုးရကို အစီရင်ခံစာ ပြန်တင်ပေးရမယ်၊ အဓိက ကတော့ လမ်းတွေ ပြင်ရမယ်၊ မီးလည်း မရှိသေးဘူး၊ နောက်ပြီးတော့ လုံခြုံရေး အတွက်လည်း လုပ်ပေးရမယ်”ဟု ဝန်ကြီးက ပြောသည်။

ဖားဘောင်ဂူနှင့်အတူ အဆိုပါဒေ သရှိ ရေပူစမ်းတစ်ခုကိုလည်း သဘာဝ ခရီးသွားလုပ်ငန်း သတ်မှတ်ရန် စီစဉ် လျက်ရှိပြီး ယခုနှစ်အတွင်း အကောင် အထည်ဖော်နိုင်မည်ဟုလည်း ဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြော သည်။

ဖားဘောင်ဂူသည် မွန်ပြည်နယ် အတွင်းရှိ ဂူများအနက်မှ အကြီးဆုံး သဘာဝထုံးကျောက်ဂူတစ်ခုဖြစ်ပြီး ဂူအတွင်းတွင် ရှေးဟောင်းဘုရားစေတီ တော်များ တည်ရှိသလို သန်းနှင့်ချီသည့် လင်းနို့များရှိသည့် ဂူတစ်ခုလည်း ဖြစ်သည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ဖားဘောင်ဂူကဲ့သို့သော ရှေးဟောင်း အုတ်ခွက်ရုပ်ပွားတော်များ ဆင်းတုတော် များ စေတီတော်များ တည်ရှိသည့် ခရုံဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူများစွာ တည်ရှိပြီး ခရုံဂူတစ်ခုသာလျှင် ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့ က ထိန်းသိမ်းထားသည်။