ဈေးသည် မရှိသဖြင့် ဆိပ်ကမ်းသာညဈေး ဆက်မဖွင့်တော့

0
432

ထားဝယ်မြို့ ဒေါင်းငူ၊ တံငါရပ် ကွက်ရှိ ဆိပ်ကမ်းသာပန်းခြံရှေ့တွင် ဖွင့်လှစ်ထားသည့် ညဈေး၌ ဈေးရောင်း သူများ မရှိတော့သဖြင့် ဆက်မဖွင့် ဖြစ် တော့ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

ဆိပ်ကမ်းသာညဈေး စဖွင့်စဉ်က ဈေးရောင်းချသူ ငါးဆယ်နီးပါးရှိခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအဝယ်ပါးလာ သဖြင့် တဖြည်းဖြည်းနည်းပါးလာ ကြောင်း အထက်ပါ ကော်မတီအတွင်းရေး မှူးက ပြောသည်။

“စည်ပင်က ပိတ်လိုက်တာ မဟုတ် ဘူး။ ဈေးသည်တွေက ရောင်းမကောင်း ကြတော့ တခြားကို ရွှေ့သွားကြတာပေါ့”ဟု ၎င်းကဆိုသည်။
ထားဝယ်မြို့တွင်းရှိ ညဈေးသုံးခု အနက် ဆိပ်ကမ်းသာညဈေးမှာ အရောင်း အဝယ်အပါးဆုံးဖြစ်နေကြောင်း ယင်းဈေး တွင် ရောင်းချဖူးသူ ဒေါ်သန်းနုက ပြော သည်။
“ဒီညဈေးမှာ လာဝယ်တဲ့သူနည်း တော့ ညတိုင်းလိုလို အရင်းပြုတ်နေကြ တာ။ အဲဒါကြောင့် မရောင်းကြတော့ဘူး” ဟု ဒေါ်သန်းနုက ဆိုသည်။

ယင်းညဈေးတွင် ရောင်းချသည့် ဈေးသည်တစ်ဦးလျှင် အမိုးပါ တဲတစ် လုံး၊ ရေ၊ မီးအစုံ တပ်ဆင်ပေးထားပြီး ဖွင့်စ ပထမသုံးလတွင် ဈေးကောက် ကောက်ခံခြင်းမရှိဘဲ နောက်ပိုင်းတွင် တစ်ရက်လျှင် ကျပ်သုံးရာနှုန်းဖြင့် ကောက်ခံကြောင်း မြို့နယ်စည်ပင်သာ ယာရေးကော်မတီထံ မှ သိရသည်။

ဆိပ်ကမ်းသာညဈေးကို ဇန်နဝါရီ လ ပထမအပတ်က စတင်ဖွင့်လှစ်ခဲ့ပြီး သုံးလအကြာတွင် ရောင်းသူမရှိတော့ သဖြင့် တဲများကို ယာယီပြန်လည်သိမ်း ဆည်းခဲ့ကြောင်း အထက်ပါ ကော်မတီထံ မှ သိရသည်။