မြိတ်တွင် အမှိုက်သိမ်းခ လစဉ်ကြေး ကျပ်တစ်ထောင် တိုးကောက်မည်

0
425

မြိတ်မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက် ရှိ ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်များ၏ အမှိုက်သိမ်းခ လစဉ်ကြေးကို ယခု လကုန်မှစပြီး ကျပ်တစ်ထောင်တိုး ကောက်သွားမည်ဖြစ်ကြောင်း ယင်းမြို့ နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်း ထံမှ သိရသည်။

နေအိမ်တစ်ဆောင်တွင် လစဉ် ကြေး (တစ်လလျှင်) ကျပ်တစ်ထောင် အစား ကျပ်နှစ်ထောင်နှုန်းဖြင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း အထက်ပါအသိုင်း အဝိုင်းထံမှသိရသည်။
“အမှိုက်ကားက လတိုင်းအရှုံးပေါ် နေလို့ပါ”ဟု ကန်ကြီးရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
အမှိုက်သိမ်းယာဉ်ပေါ်ပါ ယာဉ် မောင်း၊ နောက်လိုက်များအတွက် ပေးရ ငွေ၊ ယာဉ်ပြင်ဆင်စရိတ်များနှင့် ယာဉ် ဝယ်ယူထားသည့် တန်ဖိုးငွေများကို လစဉ်အရစ် ကျစနစ်ဖြင့်ပေးသွင်းရသည့် ငွေ စသဖြင့် စရိတ်များထက် အမှိုက် သိမ်းလုပ်ငန်းမှ ရရှိငွေနည်းသည့်အတွက် အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရပ်ကွက်ပိုင်အမှိုက်သိမ်း ယာဉ်များကို မြိတ်မြို့ခံ လုပ်ငန်းရှင်တစ် ဦးက ယာဉ်တစ်စီး၏ တန်ဖိုးတစ်ဝက်ကို လှူဒါန်းထားပြီး ကျန်တစ်ဝက်ကို လစဉ် အရစ်ကျစနစ်ဖြင့် ပြန်ဆပ်ရကြောင်း အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းထံမှ သိရ သည်။
“တစ်ထောင်ထပ်တိုးရင်တော့ မပစ်တော့ဘူး။ နှစ်ရာပေးပြီး သွားပစ် ခိုင်းတော့မယ်” ဟု တပ်ပြင်ရပ်နေ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြော သည်။

ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်များ တွင် ကျပ်တစ်ထောင်တိုးကောက်မည် ဖြစ်သော်လည်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့သို့ ၆ လတစ်ကြိမ်ပေးသွင်းနေရ သည့် စည်းကြပ်အခွန်များတွင် အဆောက် အအုံနှင့် မြေခွန်၊ ရေခွန်နှင့် အမှိုက်နှင့် အညစ် အကြေးခွန်တို့ အနက်အမှိုက် နှင့် အညစ်အကြေးခွန်ကို ကောက်ခံတော့ မည်မဟုတ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။

မြိတ်တွင် စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်သိမ်းယာဉ် ၅ စီးနှင့် ရပ်ကွက်အသီးသီးတို့မှ အမှိုက်သိမ်း ယာဉ် ၁၅ စီးရှိကြောင်း စည်ပင်ကော်မတီ မှ သိရသည်။