မိုးစပါး စိုက်စရိတ်ချေးငွေအတွက် မြေယာလုပ်ကိုင်ခွင့်လက်မှတ် မူရင်းသိမ်းထားမည်

0
561

ယခုနှစ်တွင် မိုးစပါးစိုက်စရိတ် ချေးငွေကို မြေယာလုပ်ကိုင်ခွင့်လက် မှတ်(ပုံစံ-၇)အား သိမ်းဆည်းပြီးမှ ထုတ်ချေးမည်ဖြစ်ကြောင်းဟု မွန်ပြည် နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ သိရသည်။
မွန်ပြည်နယ် ၁၀မြို့နယ်ရှိ မိုးစပါး စိုက် တောင်သူများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို မေလ တတိယအပတ်တွင် မြို့နယ်အလိုက် စတင်ထုတ်ချေးမည်ဟု အထက်ပါ ဘဏ် မှ သိရသည်။

၂၀၁၈ ခုနှစ်အတွက် တစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါး စိုက် ဧက ၃ သိန်းကျော်အတွက် ထုတ်ချေး ရန် လျာထားသည်ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် ပြည် နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။
“ဒီနှစ်က ပုံစံ (၇) မူရင်းနဲ့ ချေးပေး မယ်၊ မနှစ်ကတော့ မိတ္တူနဲ့ ချေးပေး တယ်”ဟု ဦးကျော်စွာလှိုင်က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယင်းသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး လယ်ဧကအပေါ် မူတည်ကာ ထုတ်ချေး သည့်ပမာဏ များပြားသည့်အတွက် ပြည်သူ့ဘဏ္ဍာဖြစ်သည့် ချေးငွေများ ဆုံးရှုံးမှု မရှိစေရန် ချေးငွေ မကျေမီအထိ ခေတ္တသိမ်းဆည်းထားခြင်းသာဖြစ် ကြောင်း ၎င်းက ပြောသည်။
အချို့လယ်သမားများသည် တစ် နေရာတည်းတွင် ငွေချေးခြင်း မဟုတ် သည့်အတွက် ပုံစံ (၇) မူရင်းကို သိမ်း ထားပြီးမှ ချေးခြင်းသည် အဆိုပါ လယ်သမားများအတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု ချောင်းဆုံမြို့နယ်မှ လယ်သမား ကိုဝင်းလှက ပြောသည်။

“လယ်သမားဘက်က ကြည့်ရင် အခက်အခဲရှိတယ်၊ အစိုးရဘက်ကလည်း သူတို့အတွက် အာမခံချက်ရှိအောင် လုပ်ရတာပဲလေ ကျွန်တော်တို့က သူ့ ပိုက်ဆံကိုချေးရင် သူ့စည်းကမ်းတော့ လိုက်ရမှာပဲလေ”ဟု ကိုဝင်းလှက ပြော သည်။
အတိုးနှုန်းကို ယမန်နှစ်က ကောက်ခံ ခဲ့သည့်နှုန်းအတိုင်း ၈ ရာခိုင်နှုန်း ကောက်ခံ သွားမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် မိုးစပါး ချေးငွေ ကြွေးကျန်မရှိဟု သိရသည်။

ချေးငွေယူထားသည့် လယ်သမား များအနေဖြင့် ချေးငွေများကို မိုးစပါး ပေါ်ပြီး ရိတ်သိမ်းရောင်းချပြီးသည့် အချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် ဒီဇင် ဘာလတွင် ၁၀ ရာခိုင်နှုန်း၊ ဇန်နဝါရီလ တွင် ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလ တွင် ၁၀ ရာခိုင်နှုန်းနှင့် မတ်လတွင်၂၀ ရာခိုင်နှုန်း ပြန်ဆပ်ပေးရန် သတ်မှတ် ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် မော်လမြိုင်ဘဏ်ခွဲမှ သိရသည်။