မြရည်ပုလဲလမ်း ကွန်ကရစ်ခင်းက လမ်းကျူးနေအိမ် ခြံစည်ရိုးအချို့ ဖယ်ရှားရမည်

0
447

ကော့သောင်းမြို့၊ မြရည်ပုလဲ လမ်းတွင် ကွန်ကရစ်လမ်းခင်းသည့်အခါ လမ်းနှင့်မလွတ်သည့် နေအိမ်ခြံစည်းရိုး များကို ရှင်းလင်းဖယ်ရှားရမည်ဖြစ်ပြီး အိမ်ရှင်များအား ပြောကြားသွားမည်ဖြစ် ကြောင်း ကော့သောင်းမြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

စည်ပင်သာယာရေးအဖွဲ့၏ ပထမ ၃လပတ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် မြရည်ပုလဲလမ်းကို အရှည် ၃၁၂၀ ပေ၊ အကျယ် ၂၄ပေရှိ ကွန်ကရစ်လမ်းခင်း မည်ဖြစ်ပြီး လမ်းအကျယ် ပြည့်ရန်အတွက် လမ်းပေါ်ကျူးကျော်ဆောက်ထားသည့် နေအိမ်ခြံစည်းရိုးများကို ဖယ်ပေးရမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင် ကော်မတီ ဥက္ကဌဦးတင်မြင့်က ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်၊ ရပ် ကွက်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းတွေနဲ့ ပူးပေါင်းပြီး လမ်းကိုတိုင်းတာမှာပါ။ လမ်းနဲ့မလွတ်တဲ့ အိမ်တွေရဲ့အိမ်ရှင် တွေကိုလည်း အသိပေးမှာပါ။ လမ်းဧရိ ယာထဲပါနေရင်တော့ ညှိနှိုင်းပြီး နောက် ဆုတ်ခိုင်းမယ်”ဟု ဦးတင်မြင့်က ဆိုသည်။
အချို့နေရာများတွင် ၂၁ပေ ခန့် သာရှိပြီး ပေ ၃၀ အထိကျယ်သည့် နေ ရာများလည်းရှိသည့်အတွက် တပြေး ညီဖြစ်အောင် လုပ်မည်ဟု ဦးတင်မြင့်က ပြောသည်။

“ကျွန်တော့်အိမ်တော့ အိမ်ရှေ့တံ စက်မြိတ်တွေတော့ ပါနေတယ်၊ အဓိက အများသဘောတူရင်တော့ လက်ခံရမှာပဲ၊ ဓာတ်မီးတိုင် ၂ တိုင်ကြားစံယူပြီး တိုင်း မယ်ပြောတယ်၊ လမ်းက ၂၄ ပေ ဟိုဘက် ဒီဘက်က ပလက်ဖောင်းသဘောမျိုး၃ ပေစီလို့ သိရတယ်”ဟု အဆိုပါ လမ်း ဧရိယာထဲတွင် ပါဝင်နေသည့် အိမ်ရှင် ဦးမြတ်ဦးက ပြောသည်။

မြရည်ပုလဲလမ်း ကွန်ကရစ်ခင်း ရန်အတွက် ကျန်သိန်း ၂၃၂၂သိန်း သုံးစွဲ သွားမည်ဖြစ်ကြောင်း ကော့သောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှသိရပြီး အဆိုပါမြရည်ပုလဲလမ်းမှာ ရပ်ကွက် ၄ ခုအား ဖြတ်သန်းသွားသည့် ပင်မလမ်းမကြီးတစ်ခုလည်း ဖြစ်သည်။