ကော့သောင်းတွင် လေးလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံး

0
421

ကော့သောင်းမြို့နယ်တွင် လေးလ အတွင်းယာဉ်မတော်တဆမှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း အမှတ်(၇၅) ယာဉ်ထိန်းရဲတပ်ခွဲစုမှူးရုံး (ကော့ သောင်း) ထံမှ သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ လေးလတွင်း ယာဉ်မတော်တဆမှု ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၁၀၈ ဦးရှိခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။

အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
“ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး စီမံချက်အတိုင်း ဟောပြောပွဲတွေလုပ်နေ တာပဲ။ အဓိက မြို့ပြင်မှာဆို အရှိန်ပြင်း မောင်းနှင်မှုတွေကြောင့်လည်း ဖြစ်များ တယ်။ အရှိန်လျှော့ မောင်းသင့်တယ်” ဟု အမှတ်(၇၅) ယာဉ်ထိန်းရဲတပ်ခွဲစု မှူး(ကော့သောင်း)ရုံးမှ ဒုရဲမှူး မောင်မျိုး က ပြောသည်။

ကော့သောင်းခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၇ ဇန်နဝါရီလ မှ နိုဝင်ဘာလကုန် အထိ ၁၁ လအတွင်း ယာဉ်မတော်မဆ ဖြစ်မှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့သည်။