စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်ချက်ရာနှုန်း သုံးနှစ်အတွင်း အမြင့်ဆုံး

0
470

တနင်္သာရီတိုင်းအတွင်း ယခုနှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင်ချက် ရာခိုင်နှုန်းမှာ သုံးနှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး မှူးရုံး စားရင်းများအရ သိရသည်။
ယခုနှစ် စတုတ္ထတန်းနှင့် အဋ္ဌမ တန်းအပါအဝင် အခြေခံပညာအတန်း များ စာမေးပွဲ အောင်စာရင်းကို ဧပြီလ ၂၂ ရက်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့သည်။

“ဒီနှစ် အောင်ချက်က ရာခိုင်နှုန်း က ၉၀ အထက်မှာပဲ ရှိတာဆိုတော့ ဒီသုံးနှစ် အတွင်းမှာတော့ အမြင့်ဆုံးလို့ ပြောရမှာ ပေါ့” တိုင်းပညာရေးမှူးရုံးမှာ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယခုနှစ် အခြေခံပညာအတန်းများ အောင်စာရင်းထုတ်ပြန်ရာတွင် ယခင်နှစ် များကဲ့သို့ အဆင့်သတ်မှတ်ချက်ဖြင့် ထုတ်ပြန်ခြင်းကို ပယ်ဖျက် ထုတ်ပြန်ခဲ့ ကြောင်း ၎င်းက ပြောသည်။

ယခုပညာသင်နှစ်တွင် စတုတ္ထ တန်းဖြေဆိုသူ သုံးသောင်းကျော် (၃၃၈၄၁) ဦး၊ အဋ္ဌမတန်း ဖြေဆိုသူ နှစ်သောင်းနီးပါး(၁၉၃၂၃) ဦး ရှိကြောင်း တိုင်းဒေသကြီး ပညာရေး မှူးရုံး စာရင်း အရ သိရသည်။
တနင်္သာရိတိုင်း အောင်ချက်ရာနှုန်း ၃ နှစ်တာ နှိုင်းယှဉ်ပြဇယား

စတုတ္ထတန်း အဋ္ဌမတန်း
၂၀၁၇-၂၀၁၈ ၉၉ ဒဿမ ၆၉ ၉၇ ဒဿမ ၃၂
၂၀၁၆-၂၀၁၇ ၉၇ ဒဿမ ၆၆ ၉၆ ဒဿမ ၄၆
၂၀၁၅-၂၀၁၆ ၉၄ ဒဿမ ၇၁ ၉၁ ဒဿမ ၉၀