ပြောင်းလဲလာဖို့ အားလုံး ပရိုဖြစ်ဖို့ လိုပါသည်

0
502

“Change,Change,Change” ရယ်လို့ အားလုံးက ကြွေးကြော်ကြပါ သည်။
ပြောင်းလဲချိန်တန်ပြီလား။ ပြောင်း လဲဖို့ အားလုံးက အသင့်ဖြစ်ကြပါပြီလား။ စိတ်ဝင်စားစရာကောင်းလှပါ၏။
ဟိုး အောက်ခြေမှစလို့ အထက် အဆင့်ဘုံခုနစ်ဆက်အထိ ပြောင်းလဲချိန် တန်ပြီ၊ ပြောင်းလဲလိုကြသည်။ ပြောင်းလဲ ဖို့ ကြိုးစားကြသည်။ ပြောင်းလဲဖို့အချိန် တန်ပြီလော၊ အသင့်ဖြစ်ပြီလော ဆိုသည့် အမေးအတွက် အဖြေမရှိပါ။
အမှန်ပြောင်းလဲဖို့ရာ ပရော်ဖက်ရှင် နယ်ပီသမှုကသာလျှင် အဖြေအဖြစ် မြင် ပါ၏။

တစ်နေ့က ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ယောက်မျှဝေထားသော ပို့စ်လေးကို သဘောအဖြစ် ပြလိုပါသည်။
ရိုးရိုးဆရာဝန်တစ်ယောက် လူနာ ကြည့်ရှုတိုင်ပင်စမ်းသပ်ခြင်းအတွက် ငါး ထောင်၊ အထူးကုဆရာဝန်ကြီးတစ် ယောက် လူနာတစ်ယောက် ကြည့်ရှုကု သခြင်းအတွက် နှစ်သောင်းသတ်မှတ်ဖို့။ တစ်ရက်လျှင် လူနာ ယခုလိုထောင် ဂဏန်းမကြည့်ဘဲ လူနာတစ်ယောက်အ တွက် အနည်းဆုံးအချိန် မိနစ်သုံးဆယ် အထိပေးပြီးကုသဖို့။ ပြီးလျှင် ကုသမှု အတွက် မကျေလည်မှု၊ မကျေနပ်မှုများ အတွက် ဖြစ်လာသော ပြဿနာများအား ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ရှေ့နေငှား ထားဖို့ ဟူသတတ်။

ရယ်စရာအဖြစ် မျှဝေကြပေမဲ့ သ ဘောသဘာဝက ပရော်ဖက်ရှင်နယ်ပီပီ သသ ကျသင့်သလောက်ပေး၊ ဖြစ်လာလျှင် တာဝန်ယူတာဝန်ခံပေးဆိုသည့် သဘော ဖြစ်သဖြင့် သည်သဘောသဘာဝအရ ပြောင်းလဲခြင်းကသာ အဖြေအဖြစ် ဆို လိုပါသည်။
ပရော်ဖက်ရှင်နယ်ဆိုသည်မှာ အသက်ကိုမွေးရင်း ဝမ်းကိုကျောင်းပညာ ရပ်ဖြစ်သည်။ အဲသည်ပညာရပ်မှာ ကျွမ်း ကျင်ပိုင်နိုင်စွာ ပြီးပြည့်စုံခြင်း၊ တာဝန် ယူမှု တာဝန်ခံမှု ရှိခြင်းကို Profes-sionalism လို့ ယေဘုယျဆိုကြ ပါသည်။ အရပ်ထဲတွင်ကား ပရိုဟု လည်းကောင်း ပရော်ဖက်ရှင်နယ်ဟု လည်းကောင်း ဆိုကြပါသည်။ သည် ဘက်ခေတ်မှာ ပရော်ဖက်ရှင်နယ်ဆန် ခြင်းသည်များစွာအရေးပါလာပြီး ခေါင်း ဆောင်မှု၊ စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အဲ သည်ပရော်ဖက်ရှင်နယ်ပီသမှုဟာ အခ ရာကျလှပါသည်။
ပရော်ဖယ်ရှင်နယ်ဆန်မှုနဲ့ ကျန်း မာရေးဘက်ကို လှမ်းကြည့်ဖြစ်သည်။

နေ့တဓူဝလူနာနှင့် ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများ ထိတွေ့ဆက်ဆံ နေကြရသလို ဝန်နှင့်အား မမျှသဖြင့် ဖြစ်ရပ်များစွာ ကြုံနေကြသည်။ သည် အတွက် ပြဿနာပေါင်းမြောက်များစွာ လည်း ရှိခဲ့၊ ရှိဆဲ၊ ရှိနေဦးမည်ကား မလွဲပါ။
ဝန်တွေပိလာသည့်အခါ ပရော်ဖက် ရှင်နယ်ဆန်စွာ ကျွန်တော်တို့ ကြပ်မတ်ဖို့ ခက်သလို ပရော်ဖက်ရှင်နယ်ပီသသော အခွင့်အရေးနှင့် လုပ်ခလစာ မပေးမူဘဲ အတင်းအကြပ်ကြပ်မတ်ဖို့လည်း အခက် အခဲရှိနေတာက အမှန်။ တာဝန်သိသူ သာ ဝန်ပိတတ်လေသော သည်ဘက် ခေတ်မှာ သေချာကြပ်မတ်ကွပ်ကဲမှုမရှိ လေသောအခါ တာဝန်မသိသူက တာဝန် မရှိကြတော့ပါ။ ထိုသောအခါ အကြီးအ ကဲအဖို့မှာလည်း အတော်စီမံအုပ်ချုပ်ရ ခက်ခဲပါသည်။ အလုပ်သမား ရှားပါးမှု ကြောင့် အလုပ်သမားများ တာဝန်မဲ့ခြင်း၊ မပြေပြစ်ခြင်းများအတွက် အရေးအရာယူ အလုပ်မှ ထုတ်ပယ်ဖို့ရာ ခက်ခဲသလို တာဝန်ပိုင်းဆိုင်ရာ လစ်ဟင်းပါသဖြင့် ထိထိရောက်ရောက် အရေးအရာယူပြန် ပါကလည်း အလုပ်က ထွက်မဟေ့ဆိုတာ ကြောင့် အကြီးအကဲတို့အဖို့ ဘေးကြပ် နံကြပ်အနေအထား။ မကြာမတင်ကပဲ အောက်ခြေဝန်ထမ်းကို အပြစ်ကြောင့် အလုပ်ထုတ်ပယ်ခဲ့သည့် မြို့နယ်ဆရာ ဝန်ကြီးအား သူ့နေအိမ်မှာတင်ပဲ ဓားဖြင့် ဝင်ခုတ်သည့်ဖြစ်စဉ်က အထင်အရှား။

ထို့အတွက် အခြေအနေနှင့်အချိန် အခါကိုကြည့်ကာ စီမံအုပ်ချုပ်ကြရပါ သည်။ မူအတိုင်း ပြတ်ပြတ်သားသား စီ မံအုပ်ချုပ်လျှင် ဝန်နှင့်အားမမျှ ခိုင်းနေရ သဖြင့် နားလည်မှုမပေးပါလျှင် အလုပ် တွင်အောင် လုပ်လို့မရ ၊ ကပ်ဖဲ့ပြီး အ နှောင့်အယှက်များ၊ အန္တရာယ်များသလို ထိုသို့မူအရ မဟုတ်ပါဘဲ အခြေအနေနှင့် အချိန်အခါအရ လုပ်ဆောင်နေကြရတာ တွေ များလာသောအခါ ပြည်သူလူထုအ တွက် ကျေနပ်နှစ်သိမ့်မှု အပြည့်အဝရ အောင် ဝန်ဆောင်မှုအပိုင်းကို ကြပ်မတ်ရ မလွယ်လှပါ။ ထိုသောအခါ အခြေ အနေနှင့်အချိန်အခါသည် အလုပ်လုပ်ရန် မသင့်သည့်အတွက် ရန်မများလိုသော လူလိမ္မာတို့အလုပ်က ထွက်ကြပါသည်။ ကျန်နေသူတို့က လူမိုက်လားဆိုပြန် တော့မဟုတ်။System Failure ကို ပြင်လာလိမ့်မလား၊ အခြေအနေတွေ တိုးတက်လာလေမလား မျှော်လင့်မိသူ တွေက အဲသည်မျှော်လင့်ချက်တွေနှင့် အလုပ်တွေထဲနေထိုင်ရင်း အကြပ်အ တည်းအခက်အခဲတွေကို ကြံ့ကြံ့ခံနေ ကြခြင်းလည်း ဖြစ်ပါသည်။

ဆေးကုသခြင်းနှင့် ဝန်ဆောင်မှုအ ပေါ် ပြည်သူတို့အဖို့ မကျေမနပ်သံတွေ ပွက်လောညံသလို သည်မှာဘက် ကျန်း မာရေးဝန်ထမ်းတို့အဖို့မှာလည်း အဆင် ပြေပြေတော့ မဟုတ်ကြ။ နှစ်ဘက်စလုံး မှာ အဆင်မပြေကြလို့ဆိုသော်လည်း အဲ သည်ကျန်းမာရေးဌာနတွေမှာ အလုပ် တွေက ဝန်နှင့်အားက မမျှမတဖြစ် လောက်အောင် လူနာများပြားပြည့်ကြပ် လို့နေပါ၏။ အဲသည် မကောင်းသည့် ဆက်ဆံရေးနှင့် Service ပေးနေသည့်၊ သန့်ရှင်းသပ်ရပ်မှုမရှိသည့် အခမဲ့နီးပါး အလကားပေးပါမည်ဆိုသည့် သည်အစိုး ရရဲ့ဆေးရုံဆေးခန်းတွေမှာ လူနာတွေက ပြည့်ကြပ်လို့ နေပါသည်။ သည်သော အခါ အခက်အခဲနှင့်ပြဿနာတွေက အ ပုံအပင်။

ပြည်သူတွေ မြင်နိုင်သော ဆက်ဆံ ရေးနှင့်သန့်ရှင်းသပ်ရပ်မှု၊ ဝန်ဆောင်မှု အပိုင်းကိုမျှသာ ပြည်သူတွေ ပြောကြ ဆိုကြ၊ ဝေဖန်ကြတာ ရှိပါသေးသည်။ အမှန်က သည့်ထက်နက်နဲသော အခက် အခဲနှင့်ပြဿနာတွေက အပုံအပင်ရှိနေ ပါသည်။ ဆေးလောကအသိုင်းအဝိုင်းမှ ကိုယ့်ထဲကိုယ့်ထဲကို မပြောမဆိုကောင်း သဖြင့် ပေါ်တင်မဟုတ် တစ်စွန်းတစ်စသာ လျှင် ပြောဆိုဝေဖန်ကြတာ ရှိပါသေး သည်။ အတွင်းမှာ ပြုပြင်စရာ တစ်ပုံတစ် ပင်။
အနည်းစုကတော့ ရှေ့နေရှေ့ရပ် နှင့် တရားတဘောင်ပြုကာ ရင်ဆိုင်လာ ကြဖို့ အချို့က ပြင်လို့နေကြပြီ။ ရှေ့ ဆက်လို့ ပြင်သင့်တာတွေ မပြင်လာလျှင် ဖြစ်လာကြမည့် အနေအထားအတွက် ဆေးရုံဆေးခန်းတွေ အသင့်ပြင်ကြဖို့ လို အပ်လှပါသည်။

ဥပမာဆိုရလျှင် သည်မှာဘက် ဆေးရုံမှာလာပြသော ကလေးလူနာ အ သည်းအသန်အခြေအနေကို ကလေးကုသ မှုပေးသည့် ဌာနမဟုတ်သဖြင့် နှစ်မိုင်ဝေး သော ကလေးကုသသည့် ဌာနသို့သွားဖို့ သည်ဘက်က ညွှန်ကြားသည်။ ကလေး အမေခမျာ ဟိုဘက်ဆေးရုံသို့ တကူးတ က သွားရှာသည်။ ပြင်ပလူနာကြည့်ချိန် မဟုတ်သဖြင့် မကြည့်ပေးနိုင်ပါဟုသာ အဖြေပေးလို့ အသည်းအသန်လူနာကို လက်ဖျားနှင့်ပင် မတို့မထိသည့်အဖြစ် မျိုးသည် မဖြစ်သင့်၊ သည်လိုအဖြစ်မျိုး သည် လျစ်လျူရှုမှုဖြစ်သဖြင့် ထိထိ ရောက်ရောက် အရေးအရာယူဖို့ သတိ ပေးဖို့ လိုအပ်ပေမဲ့ သတိပေးရုံကလွဲလို့ သည်ထက် အရေးယူဖို့မလွယ်။ သတိပေး သည်ဆိုရာမလည်း လူနာသည် လူနာ အား ကုသမှုပေးမည့် ဆရာဝန်ထံသို့ပင် မရောက်ခဲ့။ အပြင် reception မှာတင်ပဲ ကိုယ့်အောက်ခြေဝန်ထမ်းငယ်တွေက ပြင် ပလူနာပြမှာလား၊ ဆေးရုံတက်မှာလား မမေး။ လူနာဘက်က ဆေးရုံမတက် လိုသဖြင့် ပြင်ပလူနာပြမည်ဟုဖြေ။ ပြင်ပလူနာချိန် မဟုတ်ပါဆိုတာနဲ့ လူနာ ကပြန်သွားရသည့်အနေအထားမှာ ကိုယ့် ဘက်က ဆေးဝန်ထမ်းနှင့် မထိမတွေ့ခဲ့ ရတာကိုပဲ အပြစ်လို့ ဆိုရပါမည်။ လာ သမျှသော လူနာတို့ကို အချိန်မရွေး ဆေး ကုသမှုပေးသည့်ဝန်ထမ်းနှင့် ပြသကြရ စတမ်းဆိုလျှင်လည်း သည်ဘက်က ဆ ရာဝန်နှင့်သူနာပြုအင်အားက မမျှတော့။ မိမိတို့လုပ်ဆောင်နိုင်သော ဝန်၏လေး ဆမကကို အင်နှင့်အား မမျှမတမနိုင် မနင်း လုပ်ဆောင်နေကြရသည့် အခြေ အနေ။

ဝန်နှင့်အား မမျှသဖြင့်ဆိုတာနဲ့ ဆက်ပြောလို့ကမရ။ အခြားပြည်သူ့ ကျန်းမာဘက်မှ ဝန်ထမ်းဆရာဝန်၊ အရပ် ဘက်မှ အခြားဌာနဆိုင်ရာများ အား မိမိဝန်ထမ်းငယ်များက ရိုင်းပျ ဆက်ဆံခြင်း စတာတွေကိုလည်း သတိပေးရုံမျှကိုလျှင် ငိုကြီးချက်မ အလုပ်ထွက်မည်၊ ဘာဘာ ညာညာ ဆိုသဖြင့် ကိုယ့်ဘက်က ပြန်ချော့ မော့နေရသည့် အနေအထားတို့သည် အကောင်းတော့ မဟုတ်ပါချေ။ သည် ထက်ပိုပြောမိဆိုမိပါက မိမိဝန်ထမ်းက မိမိအရာရှိကို ပြန်လို့ရန်ပြုမည့် အနေ အထားမျိုး။ အဲရန်ပြုခံရလည်း ကိုယ်ဖြစ် ကိုယ်ခံသာ။
တစ်ဆင့်တိုးလို့ သာဓကပြရပါ လျှင် . . .။

သည်မှာဘက်က ဝန်ထမ်း သူနာ ပြုကိုယ်ဝန်ဆောင်က တစ်ဘက် ဆေးရုံကို ကိုယ်ဝန်အပ်ရင်း ပြသရင်း ရင့်သီးစွာ အပြောအဆိုခံရသဖြင့် နောက်နောင် အဲသည်မှာ မပြလိုတော့ ပါ။
အဲသည်ဆေးရုံမှာ မမွေးလိုတော့ပါ ဆိုသည့်အဖြစ်မျိုးတွေမှသည်မိမိဝန် ထမ်းသူနာပြု သွေးစစ်တော့ အသည်း ရောင်အသားဝါဘီ ရှိပါသည်လို့ အဖြေ ထုတ်ပေးလို့ ပြန်စစ်တော့ ရောဂါပိုးမရှိ ဖြစ်နေတာမျိုး။
ရဲမှုခင်း၊ ထောင်သား လူနာ သေ သည့်အခါ မဖြစ်မနေ ရင်ခွဲစစ်ဆေးရမည့် ကိစ္စမျိုးကို မစစ်ဆေးပါဘဲ မိမိသဘော အလျောက် အိမ်ပြန်ပါသည်လို့ လက်မှတ် ထိုး အိမ်ပြန်ဆင်းခွင့်ပေးလိုက်ပြီးမှ အသု ဘအလောင်းပြင်ထားရာမှ ရင်ခွဲ စစ်ဆေးဖို့ ပြန်လိုက်တောင်းကြရတာမျိုး။

ဟိုဘက်ဆေးရုံ သည်ဘက်ဆေးရုံ ဘောလီဘောပုတ်ကြရာမှ လမ်းမှာ လူနာ သေကြတာမျိုး အပြင်က ပြည်သူ တွေ မသိနိုင်သေးသည့် ကိစ္စရပ်တွေ များစွာကိုလည်း ချက်ကျလက်ကျ၊ စည်းစနစ် တကျအရေးအရာယူ အဖြေ ရှာကြဖို့ လိုအပ်လှပါသည်။
သို့သော် ဝန်ကြီးဌာနသည် ယင်း အဖြစ်များကို ဖြေရှင်းနိုင်ဖို့ မဆိုထားနှင့် မိမိစကားမိမိဇာတ်ကိုလျှင် မိမိမနိုင်၊ မကိုင်တွယ်နိုင် မဖြေရှင်းနိုင်သေးသည့် အနေအထားမျိုး ဖြစ်ပါ၏။ သည်ထက် ပရော်ဖက်ရှင်နယ်ဆန်လာသင့်သည့်အ နေအထားဟု ပြောလိုပါသည်။ ယခုအ နေအထားနှင့်ဝန်းကျင်သည် ပရော်ဖက် ရှင်နယ်မပီသသော နေရာနှင့်ဝန်းကျင် ဖြစ်လို့နေပါသေးသည်။

အဲသည်လို အနေအထားနှင့် ဝန် အား မမျှမတမှာ နေရာအခက်အခဲနှင့် သန့်ရှင်းသပ်ရပ်မှု အခက်အခဲကလည်း ရှိလို့ နေပြန်သည်။
တစ်ဘက်က မိခင်နှင့်ကလေး ဆေးရုံမှာ လူနာစောင့်ကို ဝင်ချင်သလို ဝင်ခွင့်မပေးလို့ ဆေးရုံလား အကျဉ်း ထောင်လားဟူသည့် အမေးနှင့်ပို့စ် လေးမှာ အတော်လည်း ပြောကြဆိုကြ ပြန်သည်။ လူနာ ၈၀ ပဲ ကုသမှုပေးနိုင် သည့် ဆေးရုံလူနာဆောင်မှာ လူနာ ၂၀၀ ကျော် လက်ခံထားရသည့်အထဲ လူနာတစ်ယောက်လျှင် လူနာစောင့် တစ်ယောက်ပေးထားပါလျက်နှင့် လူနာတစ်ယောက်လျှင် တစ်ဆွေလုံး တစ်မျိုးလုံး သာလာယံဇရပ်လို အချိန် မရွေး စိတ်ကြိုက်ဥဒဟို ဝင်ခွင့်ထွက်ခွင့်ရ လိုသည့်သဘောမျိုး သူတို့ဘက်က လိုဘ ကိုသည်မှာဘက်က မဖြည့်ပေး နိုင်သေးသည့် အခြေအနေဖြစ်ပါ၏။ စည်းနှင့်ကမ်းနှင့် မလိုက်နာနိုင်ပါဘဲ ငါ့စိတ်၊ ငါ့သဘော ၊ ငါ့အကြိုက်နေ ခြင်းက ဒီမိုကရေစီရဲ့အနှစ်သာရဟု ထင်မြင်ယူဆ နေကြဆဲဖြစ်လေသော သည်လူအများစုကို ကျွန်တော်တို့ ဘက်က ဝန်ဆောင်ပေးနိုင်မှု ပျက် ကွက်ဆဲ။ ပရော်ဖက်ရှင်နယ် ပီပီသသ ကျသင့်သလောက်ပေးပြီး သူတို့ရလို သော အဆင့်တစ်ခုကို ဆေးရုံတွေက မြှင့်တင်ခွင့်မျိုးကို ဝန်ကြီးဌာနမှDecentralized လုပ်ပေးပါမှ ပြေလည် မည့်အနေအထားဟု ဆိုချင်ပါသည်။

သည်ဝန်ကြီးဌာနတစ်ခုတည်း ကွက်ကွက်လေးသာ ပေါ့ပေါ့ပါးပါး သာဓကဆောင်ပြောဆိုခြင်းသာ ဖြစ်သော်လည်း သည်အခြေအနေမျိုးက တစ်နိုင်ငံလုံး နေရာတိုင်းဌာနတိုင်း ထို့နည်းနှင်နှင်သာ။
တာဝန်ယူမှု တာဝန်ခံမှု နေရာတိုင်း မှာ ကင်းမဲ့လျက်၊ လမ်းပေါ် ဓာတ်ကြိုး ပြတ်ကျ၊ ဓာတ်လိုက်သေသော အဖြစ် အတွက် တာဝန်ရှိသူ မရှိသလို ၊ အနှစ် နှစ် အလလ စွန့်ပစ်ပစ္စည်းအတွက် အဖြေရှာဖို့ ဏူညေညငညါ မရှိ၊ မီးလောင် ပါမှ တာဝန် မရှိ၊ တာဝန် မသိကြသလို ကံကောင်းလို့ အမှိုက်ပုံ မီးလောင်တာ၊ အိမ်မပါ ကံကောင်းလို့ဆိုသည့် တာဝန်ရှိသူတို့ နှစ်သိမ့်စကားကအံ့ စရာ။

သည်ဘက်ကရော ထုတ်ပြန်ကြေ ညာပြီးသော စာမေးပွဲ၊ အဖြေပြန်ပြောင်း ဖို့၊ ထုတ်ပြန်ကြေညာသော အမိန့်စာ လွှမ်းခြုံပယ်ဖျက်ဖို့အဆင့်မှသည် တစ် နိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့်သော ငြိမ်း ချမ်းရေးစကားဝိုင်းမှ စကားအမှားကို လည်း လူပဲမှားနိုင်တာပါပဲဟု ခပ်ချေချေ အဖြေပေးလျက် တာဝန်မရှိ တာဝန်မသိ သော သည်အရပ်မှသည် တာဝန်ယူတတ် တာ ဝန်ခံတတ်သော အရပ်နှင့်ပတ်ဝန်း ကျင်အဖြစ် ကျွန်တော်တို့ ပြောင်းလဲချင် ကြပါသည်။ ပြောင်းလဲချင်ကြပါပြီ။
“Change,Change,Change” ရယ်လို့ အားလုံးက ကြွေးကြော်ကြပါ သည်။ ပြောင်းလဲချိန်တန်ပြီလော။ ပြောင်းလဲဖို့ အားလုံးက အသင့်ဖြစ်ကြပါ ပြီလော။ စိတ်ဝင်စားစရာ ကောင်းလှပါ ၏။ ကျွန်တော်တို့လည်း ပြောင်းလဲချင် လှပါ၏။

ပရော်ဖက်ရှင်နယ် ပီပီသသ တာဝန်ယူ တာဝန်ခံမှုဖြင့်သာလျှင် မှန်ကန်သော ပြောင်းလဲမှုကို ဖြစ်စေနိုင် မည်ဟု ယုံ ကြည်ပါ၏။ ထိုအတိုင်းလျှင် ပြောင်းလဲခြင်းများကို အစပြုတန် ကောင်းသည်ဟုသာ။