တိုင်းရင်းသားအရေး လုပ်ဆောင်မည့် တိုင်းအဆင့်ဦးစီးဌာန နှစ်ခုဖွင့်

0
395

တိုင်းရင်းသားအရေး လုပ်ဆောင် မည့် တိုင်းအဆင့်ဦးစီးဌာနနှစ်ခုကို ဧပြီ လ ၃၀ ရက်က ထားဝယ်မြို့တွင် ဖွင့် လှစ်လိုက်ကြောင်း အဆိုပါဦးစီးဌာနများ ထံမှ သိရသည်။
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနတို့ကို ထားဝယ်မြို့ရှိ စုပေါင်းရုံးတွင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန အနေဖြင့် လွတ်လပ်စွာ ပညာသင်ကြား ခွင့်၊ ဆေးဝါးကုသခွင့် ရရန် ကူညီဖြေ ရှင်းပေးမည်ဖြစ်ပြီး ယင်းအခွင့်အရေးများ မရရှိပါက တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ထံ တင်ပြပေး မည်ဖြစ်ကြောင်း အထက်ပါဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီလင်း က ဆိုသည်။

“လောလောဆယ် ဆလုံတိုင်းရင်း သားအရေးကို ကွင်းဆင်းပြီး ပညာရေး ကျန်းမာရေးကိစ္စတွေကို ကူညီပေးနေ တယ်”ဟု ဒေါ်နီနီလင်းက ပြောသည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာနအနေဖြင့် တိုင်းရင်းဘာသာ များ သင်ကြားရာတွင် ကူညီပေးမည်ဖြစ် ပြီး တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များက ပွဲတော်ကျင်းပသည့် ကိစ္စရပ်များတွင် ကျင်းပခွင့်လျှောက်ထား မှုနှင့် ပတ်သက်၍ ကူညီမည်ဖြစ်ကြောင်း အထက်ပါဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နော်မာလေးက ဆိုသည်။

အဆိုပါ ဦးစီးဌာနနှစ်ခု၏ ရုံးခန်း များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ဖွင့်လှစ်ခဲ့သော်လည်း ဧပြီလတွင် ဖွင့်ပွဲဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

À