ကော့သောင်းတွင် ဆိုင်ကယ် ကယ်ရီမောင်းတစ်ဦး လူသတ် အလောင်းဖျောက်ခံရ

0
488

ကော့သောင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် ဆိုင်ကယ် ကယ်ရီ မောင်း အမျိုးသား၏ အလောင်းကို မေလ ၄ရက်က မြို့နှင့် ၃၆မိုင် ဝေးသည့် ဆီအုန်းစိုက်ခင်းအတွင်း ပြန်တွေ့ခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ကယ်ရီမောင်းသူမှာ ဧပြီလ ၁၃ရက်(သင်္ကြန်အကြိုနေ့)တွင် ကယ်ရီ ဆွဲနေသည့် မြို့မဆိုင်ကယ်ဂိတ်မှနေ၍ ခရီးသည်ပိုရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၂၂ ရက် အကြာ မေလ ၄ ရက် နေ့တွင် အလောင်းပြန်တွေ့ခဲ့ခြင်း ဖြစ်သည်ဟု သေဆုံးသူ မိသားစုဝင် များက ဆိုသည်။

မြို့ပြင်သို့ ကယ်ရီအငှားလိုက်ရန် လူငယ်နှစ်ဦးက ငှားရမ်းခေါ်ဆောင် သွားသည်ဟုသာ သိရပြီး ယင်းနေ့ ကတည်းက ပျောက်ဆုံးသွားခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။
မျက်နှာကိုအင်္ကျီဖြင့် ရစ်ပတ်ဖုံး အုပ်ထားပြီး မှောက်ရက် အနေအထား နှင့် ပုတ်ပွပြီးဆွေးမြေ့နေသည့် အမျိုး သားအလောင်း တစ်လောင်းကို ဆီအုန်း ခြံ မြေဩဇာထည့် အလုပ် သမ နှစ်ဦး စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ပျောက်သွားတဲ့နေ့ကစပြီး လိုက် ရှာခဲ့တာ ရှာမရခဲ့ဘူး ၊ အလောင်း ပေါ်တယ်ပြောတိုင်း လိုက်ကြည့်ခဲ့တယ်။ ဒီတခါတော့ မျက်နှာတွေပျက်နေပေမဲ့ ကျွန်မ ယောင်္ကျားရဲ့ ဖိနပ်ရယ် ၊ အိမ်ကထွက်သွားပြီး ဝတ်ထားတဲ့ အဝတ်အစားနဲ့ ဘောင်ဘီထဲက ဖုန်း တွေကို မှတ်မိနေခဲ့တယ်”ဟု သေဆုံး သူ၏ ဇနီးဖြစ်သူက ပြောသည်။
“ရက်ရက်စက်စက် သတ်သွားတဲ့ လူသတ်တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်တယ် ၊ ရဲတပ်ဖွဲ့ ကိုလည်း ဒီအတိုင်းပဲ ပြောချင်ပါတယ်”

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားခံများကို အမြန်ဆုံး ဖော်ထုတ် နိုင်ရေး ကြိုးစားဆောင်ရွက်နေသည်ဟု ကော့သောင်းမြို့မ ရဲစခန်း တာဝန်ရှိသူက ဆိုသည်။