NLD လွှတ်တော်ကိုယ်စားလှယ်အိမ်ရှေ့ အော်ဟစ်ဆဲဆိုသူ NLD ပါတီဝင်တစ်ဦး တရားစွဲခံရ

0
444

ပုလောမြို့နယ် လွှတ်တော် ကိုယ်စား လှယ်၏ နေအိမ်ရှေ့တွင် ညဘက်အချိန် အော်ဟစ်ဆဲဆိုခဲ့သည့် NLD ပါတီဝင် တစ်ဦးအား တရားစွဲဆိုထားကြောင်း တရားစွဲဆိုသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကင်းရှိန်ထံမှ သိရ သည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ည သန်းခေါင်အချိန်တွင် နေအိမ်ရှေ့၌ ဆဲ ဆိုအော်ဟစ်ခဲ့သဖြင့် ရဲစခန်းတွင် တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကင်းရှိန်က ပြောပြသည်။
ပုလောမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း လွန်ခဲ့ သည့်အနှစ် ၂၀ ခန့်ကတည်းက ဆောက် ထားသည့် မြို့နယ်ပညာရေးမှူးရုံးနှင့် အသစ်ထပ်ဆောက်ထားသည့် အဆောက် အဦအတွက် မြေနေရာ သီးခြားသတ် မှတ် မည့်ကိစ္စနှင့် ပတ်သက်ပြီး မကျေ မနပ်ဖြစ်ရာက ယင်းသို့ အခင်းဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းကြီးပိုင်ထဲက မြေတစ်ဧက ထုတ်ယူလိုက်တာကို မကျေနပ်လို့ အိမ်ရှေ့မှာသွားဆဲလို့ အမှုဖွင့်ခြင်းခံရ တာ”ဟု ဦးသိန်းတိုးက ပြောသည်။
တရားစွဲဆိုခံရသူ ဦးသိန်းတိုးသည် ပုလောမြို့ အမှတ် ၁ ရပ်ကွက်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အခြေခံပညာအထက်တန်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ကြောင်း ကာယကံရှင် ဦးသိန်းတိုးထံမှ သိရသည်။

ယင်းကျောင်းပိုင်မြေ ၁၇ ဧကအ နက် တစ်ဧကခန့်အား ပညာရေးမှူးရုံး အတွက် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ မရှိကို မတ်လအတွင်းက ပြုလုပ်သည့် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေး မြန်းခဲ့ရာ ပညာရေးမှူးရုံးမြေအဖြစ် အ မည်ပေါက်ရရှိရေးအတွက် ကျောင်းပိုင် မြေမှ စွန့်လွှတ်ပေးနိုင်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်ထံ မှ သိရသည်။

မေးခွန်းမမေးမီက မသိရဘဲ မြေ ယာတိုင်းတာမှသာ သိခွင့်ရသည့် ကျောင်း ပိုင်မြေမှ ပညာရေးမှူးရုံးအတွက် မြေ တစ်ဧက စွန့်လွှတ်ပေးမည့်ကိစ္စကို ကျောင်းအုပ်၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်တို့ ကနဦး တွင် သဘောတူညီမှုမရှိပေ။

သို့သော်လည်း လက်ရှိတွင် မြေနေ ရာတစ်ခု သတ်မှတ်ပေးရန် စီစဉ်နေပြီး မြေနေရာကို အတိအကျ မသတ်မှတ်ရ သေးကြောင်း ကျောင်းအကျိုးတော် ဆောင်အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် နေအိမ်ရှေ့တွင် အော် ဟစ်ဆဲဆိုသူအား လွှတ်တော်ကိုယ်စား လှယ် ဦးကင်းရှိန်က တိုင်ကြားလာသဖြင့် ဧပြီလ ၂၆ ရက်နေ့က ပုဒ်မ ၂၉၄(ဆဲဆိုမှု) ဖြင့် အမှုဖွင့်ဆောင် ရွက်ထားကြောင်း ပုလောမြို့နယ် မြို့မရဲစခန်းမှ သိရသည်။