ကော့သောင်းတွင် အာဇာနည်ဗိမာန် တည်ဆောက်မည်

0
585

ကော့သောင်းမြို့နယ်တွင် အာဇာ နည်ဗိမာန်တည်ဆောက်ရန်အတွက် စီစဉ်လျက်ရှိကြောင်း အာဇာနည်ဗိမာန် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရ သည်။
အာဇာနည်ဗိမာန်ကို ဘုရင့်နောင် ကုန်းအောက်ဘက် စည်ပင်ပိုင် မြေကွက် လပ်တွင် တည်ဆောက်ရန်မြေနေရာ သတ်မှတ်ထားပြီးဖြစ်သည်ဟု အထက် ပါ ကော်မတီထံမှ သိရသည်။

“တည်ဆောက်တာကတော့ ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည် ဗိမာန် ပုံစံအတိုင်းပဲ တည်ဆောက်ဖို့ စီစဉ်ထား တယ် မြေနေရာ ရပြီဆိုတော့ ဆောက် လုပ်မယ့်အချိန်ကာလကိုတော့ ကော်မတီ အစည်းအဝေး ပြန်ထိုင်ပြီး သတ်မှတ်ရ မယ်”ဟု အာဇာနည် ဗိမာန်ဖြစ်မြောက် ရေး ကော်မတီဝင် ဦးသက်နိုင်က ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်နေ့ကို ဗိမာန်မြင်တိုင်း အမှတ်တရဖြစ်စေရန်နှင့် နောင်လာ နောက်သားများ အာဇာနည်နေ့ အကြောင်း သိရှိစေနိုင်ရန် ရည်ရွယ်ဆောက်လုပ် ခြင်းဖြစ်ကြောင်း ဦးသက်နိုင်က ဆိုသည်။

အာဇာနည်ဗိမာန်ကို မြို့ခံ အလှူ ရှင်များ၏ အလှူငွေဖြင့် ကိုယ်ထူကိုယ် ထ တည်ဆောက်မည်ဖြစ်ပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကလည်း အလှူငွေထည့် ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အာဇာနည်နေ့ဆိုတာ ဘာနေ့မှန်း မသိအောင်ဖြစ်နေတဲ့ ကျောင်းသား လူငယ်လေးတွေအတွက်ရော ကိုယ်နဲ့ မဆိုင်ထင်ပြီး ကလေးတွေကို သင်ပြ ဆုံးမဖို့ မေ့လျော့နေတဲ့ ဆရာ၊ ဆရာမ တွေအတွက်လည်း အာဇာနည်ဗိမာန် တစ်ခု ရှိသင့်တယ်”ဟု ကော့သောင်းမြို့ အောင်သုခရပ်ကွက်နေ ဦးစိုးတင့်က ဆိုသည်။

ဗိမာန်အတွင်း အာဇာနည်နေ့ ဖြစ် ပေါ်လာပုံ သမိုင်းအကြောင်းကိုလည်း ထည့်သွင်းရေးသားပေးစေလိုကြောင်း ၎င်းက ဆိုသည်။
ကော့သောင်းမြို့နယ်တွင် ဗိမာန် သီးခြားမရှိသည့်အတွက် အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဗိုလ် ချုပ်မြင်းစီးရုပ်တွင် ကျင်းပပြုလုပ်ကြ သည်။