သယံဇာတ တူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း

0
401

တွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တနင်္သာရီတိုင်း ဒေသကြီး လုပ်ငန်းညှိနှိုင်း ဆောင်ရွက် ရေးအဖွဲ့ကို ဧပြီလ ၂၄ ရက် ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းလုပ်ငန်းအဖွဲ့ကို အစိုးရကိုယ် စားလှယ်များ၊ အရပ်ဘက်ကိုယ်စားလှယ် များ၊ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ဖြင့် ၃ ပွင့်ဆိုင်ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့ နာယက ဦးမြင့်မောင်(တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး)က ပြောသည်။

လုပ်ငန်းအဖွဲ့၏ အစိုးရကိုယ်စား လှယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်ကိုယ်စားလှယ်များတွင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းမှ ကိုယ် စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍကိုယ်စား လှယ်များတွင် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများလုပ် ကိုင်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ကြသည်။
အဖွဲ့အား ၃ ပွင့်ဆိုင် ဖွဲ့စည်း ထားသဖြင့် အစည်းအဝေးများ၊ ကွင်း ဆင်းဆောင်ရွက်မှုများတွင် အဖွဲ့ဝင် သူများအနေဖြင့် အဖွဲ့အတွက် အချိန် ပေးနိုင်ရန် လိုအပ်ကြောင်း ယင်းအဖွဲ့၏ အရပ်ဘက် ကိုယ်စားလှယ်များ အစု အဖွဲ့မှ ပါဝင်သူ ဦးစံငွေက ပြောသည်။

“ဘယ်လောက်ထိ လုပ်နိုင်မလဲဆို တာတော့ (အလုပ်)မစရသေးဘူး၊ ဒါပေ မယ့် အတတ်နိုင်ဆုံးတော့ အဖွဲ့ထဲမှာ အချိန်ပေးပြီး လုပ်သွားဖို့တော့ ရှိတယ်” ဟု ဦးစံငွေက ပြောသည်။

အဖွဲ့၏ အဓိကလုပ်ငန်းများမှာ တွင်း ထွက်သယံဇာတ တူးဖော်ထုတ် လုပ်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင် ရေး လုပ်ငန်းစဉ်(EITI )အား သုံးပွင့် ဆိုင်အဖွဲ့ဝင်များ ညှိနှိုင်းပူး ပေါင်းဆောင် ရွက်ခြင်း၊ လစဉ် အရေးပေါ်အစည်း အဝေး ပြုလုပ်ခြင်း၊ ကွင်းဆင်းလေ့ လာခြင်း၊ ပြည်သူလူထု၏ သဘောထား အမြင်များကို စုဆောင်းခြင်း၊ ပြန်ကြား ခြင်းတို့ ဖြစ်ကြောင်း သိရသည်။