မွန်၊ ကရင်ရှိ ကြိုးတံတားများ အန္တရာယ် ရှိ/မရှိ စစ်ဆေး

0
487

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ကြိုးတံတားများ အန္တရာယ် ရှိ/မရှိကို နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဦး ဆောင်ပြီး တရုတ်ကျွမ်းကျင်ပညာရှင် တို့နှင့် စစ်ဆေးလျက်ရှိသည်ဟု မွန် ပြည်နယ် တံတားဦးစီးဌာနထံမှ သိရ သည်။

မွန်ပြည်နယ်အတွင်းရှိ အတ္တရံ ကြိုးတံတား၊ ဂျိုင်း (ဇာသပြင်) ကြုံးတံ တားနှင့် ကရင်ပြည်နယ်အတွင်းရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတားတို့ကို အဖွဲ့ ခွဲ၍ မေလ ၁ ရက်မှစပြီး စစ်ဆေး နေသည်ဟု မွန်ပြည်နယ် တံတားဦးစီး ဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မွန် က ပြောသည်။
“စစ်ဆေးပြီးမှ ရလဒ်ပြောနိုင်မယ်၊ မမြင်ရတဲ့ အပိုင်းတွေကို ကြိုးတွေနဲ့ ဖောက်ပြီး စစ်ဆေးနေတယ်၊ သံထည် ပိုင်းမှာတော့ သံချေးတက်နေတာ တွေ့ရ တယ်”ဟု ဦးသိန်းမြင့်မွန်က ပြောသည်။
ရေရှည်အတွက် အဆိုပါ ကြိုးတံ တား ၃ စင်း စလုံးကို လာမည့်နှစ်တွင် အသစ်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

တံတားအသစ်များ မတည်ဆောက် မီကာလအတွင်း လက်ရှိကြိုးတံတားများ ကို အန္တရာယ်ကင်းစွာ သွားလာ အသုံးပြု နိုင်ရန် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း ဦးသိန်းမြင့်မွန်က ဆက်ပြော သည်။
မွန်ပြည်နယ်ရှိ အတ္ထရံတံတားနှင့် ဂျိုး (ဇာသပြင်) တံတားတို့သည် သံ ဘောင်ကြိုးတံတား အမျိုးအစားများ ဖြစ်သည်။

တံတားအရှည်ပေ ၁၄၂၀ အတ္တရံ တံတားကို ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ အရှည် ၂၉၀၀ ပေရှိ ဂျိုင်း (ဇာသပြင်) တံတားကို ၁၉၉၆ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။
အဆိုပါ တံတားနှစ်စင်းကို တည် ဆောက်ရာတွင် အောက်ခြေပိုင်းများ၊ တိုင်များကို မြန်မာအင်ဂျင်နီယာများ ဆောက်လုပ်ခဲ့ပြီး၊ တံတားအပေါ်ပိုင်း ကြမ်းခင်းခြင်း၊ ကြိုးတွဲခြင်း၊ တံတားဒီ ဇိုင်းရေးဆွဲခြင်း၊ တံတားတည်ဆောက် မည့်ပစ္စည်းတို့ကို တရုတ်နိုင်ငံ အင်ဂျင် နီယာများနှင့် တရုတ်ပညာရှင်တို့က တာဝန်ယူလုပ်ဆောင်ခဲ့သည်ဟု သိရ သည်။