စည်ပင်သို့ အခွန်ဆောင်နေရသော်လည်း ဘာမျှပြန်မရဟု ရွှေပြည်စိုး ရွာသားများဆို

0
445

ကော့သောင်းမြို့နယ် ၊ ရွှေပြည်စိုး ကျေးရွာတွင် စည်ပင်သာယာရေးအဖွဲ့က အမည်သည့်အရာမျှလုပ်ဆောင်မပေးဘဲ အခွန်ငွေ ပုံမှန်လာကောက်နေသည့် အပေါ် ဖြေရှင်းပေးရန် ဒေသလွှတ်တော်အမတ် များနှင့် ကျေးရွာလူထု မေလ ၁ရက်က တွေ့ဆုံစဉ် ကျေးရွာလူထုက တောင်း ဆိုခဲ့သည်။
အိမ်ခွန်၊ မြေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို စည်ပင်သာယာ သို့ ခြောက်လတစ်ကြိမ် ပေးဆောင်နေ ရပြီး စည်ပင်သာယာအဖွဲ့မှ လက်ရှိ အချိန်အထိ ကျေးရွာတွင် အမှိုက်သိမ်း ခြင်း၊ လမ်း၊ တံတား၊ ရေမြောင်းပြုပြင် တည်ဆောက်ပေးခြင်း မရှိသည့်အတွက် တင်ပြရခြင်းဖြစ်ကြောင်း ရွှေပြည်စိုး ကျေးရွာတွင် နေထိုင်သည့် ဦးစိုးမင်းက ပြောသည်။

“စည်ပင်သာယာ ဘတ်ဂျက်နဲ့ လည်း ဘာမှ ဆောင်ရွက်ပေးခြင်းလည်း မရှိဘူး။ အမှိုက်လာသိမ်းနေလို့၊ တခြား ဖွံ့ဖြိုးရေးလုပ်ပေးနေလို့ ပေးရတယ်ဆို ရင် တော်သေးတယ်။ အခုက ဘာမှ မလုပ်ပေးဘဲ အခွန်ပဲ ပေးနေရတာ ပြည်သူတွေ အရမ်းနစ်နာနေတယ်” ဟု ဦးစိုးမင်း ကဆိုသည်။
ပြည်သူတစ်ဦးအနေဖြင့် အခွန် ဆောင်ရမည်ကို နားလည်သော်လည်း ရွာအတွက် တစ်စုံတစ်ရာ ပြန်မလုပ် ဆောင်ပေးခြင်းကြောင့် အခွန်ထပ် မဆောင်ရန် ဆုံးဖြတ်ထားသည်ဟု ကျေးရွာသားတစ်ဦးဖြစ်သည့် ကိုနိုင်က ဆိုသည်။

“အခွန်ဆောင်ရမယ်ဆိုတာ သိ တယ် ဆောင်လည်းဆောင်ပါတယ် ဒါ ပေမဲ့ အခုက အညစ်အကြေးခွန်တော့ ဆောင်ခိုင်းတယ်။ အမှိုက်ကိုတော့လာ မသိမ်းဘူး ၊ အဲလိုဘာမှမလုပ်ပေးနိုင်ရင် ရွာမှာလည်း အခွန်လည်းလာကောက် စရာမလိုဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စည် ပင်သာယာအဖွဲ့နှင့် ဆွေးနွေးထားသည် ဟု ကော့သောင်းမြို့နယ် စည်ပင်သာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

“စည်ပင်က အခွန်ကောက် ထား တယ်ဆိုတဲ့အကြောင်း ကော်မတီကို တင်ပြမှ ဒီရွာမှာ လမ်းတွေဘာတွေလုပ်ဖို့ ဘတ်ဂျက်ဆွဲတဲ့အခါ ထည့်သွင်းစဉ်း စား ဆွေးနွေးပေးလို့ရမယ်။ ရွာသားတွေ ပြောတာလည်းမှန်တာပဲ ဘာမှမလုပ် ပေးဖူးဘူး”ဟု ၎င်းက ဆိုသည်။
အခွန်ကိစ္စနှင့်ပက်သက်၍ စည်ပင် ကော်မတီအစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးသည့် အချိန်မှသာသိရပြီး ယင်းကိစ္စကို အသေးစိတ် မသိရသေးကြောင်း ဦးတင် မြင့်က ဆိုသည်။

ရွှေပြည်စိုးကျေးရွာတွင် အိမ်ခြေ လေးရာဝန်းကျင်ရှိပြီး အချို့နေအိမ်များ မှာ ကော့သောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့က ကောက်ခံသည့် အခွန်ပေးဆောင် နေရသည်ဟု ဒေသခံ များထံမှ သိရသည်။
ရွှေပြည်စိုးကျေးရွာသည် ကော့ သောင်းမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါမပါနှင့် ယင်း ကျေး ရွာမှ အခွန်အခ မည်မျှရရှိသည် စသဖြင့် အသေးစိတ်အချက် အလက် များကို မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိထံ မေးမြန်းနိုင်ရန် ရုံးသို့ မေလ ၄ ရက်တွင် သွား ရောက်ခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသည်ဟုဆိုခြင်း ကြောင့် မေးမြန်းခွင့်မရခဲ့ပေ။