မြိတ်မြို့တွင်း အမှောင်လမ်းများတွင် LED မီးချောင်းတစ်ရာ တပ်ဆင်မည်

0
443

မြိတ်မြို့အတွင်း မှောင်နေသည့် လမ်းများတွင်LED အဝါရောင် မီး ချောင်းတစ်ရာ တပ်ဆင်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မ တီထံမှ သိရသည်။
မီးချောင်းများကို ယာဉ်အသွား အလာ အထူထပ်ဆုံးဖြစ်သော တောရ ကျောင်း လမ်းဆုံမှ ဂေါက်ကွင်းလမ်းဆုံ အထိ၊ ဂေါက်ကွင်း လမ်းဆုံမှ လေယာဉ် ကွင်း လမ်းတစ်လျှောက်၊ ကန်ဖျားရပ် အရာရှိရိပ်သာလမ်းနှင့် လမ်းဆုံလမ်းခွ တြိဂံအဝိုင်းများအပါအဝင် မှောင်နေ သည့်အခြားနေရာများတွင် တပ်ဆင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြော သည်။

မီးတပ်ဆင်ခြင်းကြောင့် ယာဉ် တိုက်မှု၊ လုယက်ဒုစရိုက်မှုများ လျော့ ကျလာနိုင်ပြီး အများပြည်သူလုံခြုံမှုအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ် ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။
အဆိုပါ မီးချောင်းများကို အများ ပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှသန်းမှ Sea View Condo အမည်ဖြင့် ပေးအပ်လှူဒါန်း မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လုပ်ငန်းရှင်တွေမှာ အလှူခံတယ်။ ပြည်သူဆီကရတာ ပြည်သူအတွက် ပြန်လှူပေးတဲ့ သဘောပေါ့” ဟု ဦးမြတ် ကိုကိုက ဆိုသည်။

လက်ရှိအချိန်၌ မီးချောင်းများကို မှာယူထားပြီး ရောက်ရှိလာသည့် နေ့မှ စပြီး ၁၀ ရက်အတွင်း မီးလင်းနိုင်အောင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်ကာ မျှော်လင့်ချက်ကင်းသည့် အလှူ မျိုးဆိုလျှင် သာဓုခေါ်ရမည်ဖြစ်ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် ဦးခင်မောင်သန်းက မှတ်ချက်ပေးသည်။
မြိတ်မြို့တွင် ညဘက် အများပြည် သူပိုင်ပစ္စည်းများ မကြာခဏ ဖျက်ဆီးခံ နေရသည်။