GGS အလှူငွေ ဇမ္ဗူသီရိ လက်မခံ

0
492

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီ က လာလှူသည့် အလှူငွေကို ဇမ္ဗူသီရိ အရေးပေါ် လူနာတင် ယာဉ်အဖွဲ့က လက်မခံဘဲပြန်ပေးလိုက်ကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်တွင် GGS ကုမ္ပဏီက အလှူငွေ ကျပ် ၁၀ သိန်း လာလှူခဲ့ပြီး နောက်တစ်ရက်တွင် ဇမ္ဗူသီရိ ရေးပေါ်လူနာတင်ယာဉ် အဖွဲ့ ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကို ပြန်ပေးလိုက်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

“ပြည်သူတွေဆီက ကောက်ထားတဲ့ ဒဏ်ကြေးနဲ့ လှူတာဆိုတော့ လက်ခံဖို့ အဆင်မပြေလို့ ပြန်ပေးလိုက်တာပါ”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ကုမ္ပဏီနှင့် မိသားစုအနေဖြင့် လှူ မည်ဆိုပါက လက်ခံရန် အဆင်ပြေ ကြောင်း ၎င်းက ဆိုသည်။
ဒဏ်ကြေးငွေကို ကုမ္ပဏီ အကျိုး အမြတ်အတွက် ကောက်ခံခြင်း မဟုတ် သည့်အတွက် ထားဝယ်ဆေးရုံကြီးနှင့် ပရဟိတ အဖွဲ့များကို ပြန်လှူခြင်းဖြစ် ကြောင်း GGS ကုမ္ပဏီ လျှပ်စစ်ဖြန့် ဖြူးရေးရုံးမှ စီမံမန်နေဂျာ ဦးမြတ်သူက ပြောသည်။

“အစောကြီးကတည်းက ရည်ရွယ် ထားတာက ဒီဒဏ်ကြေးဆိုတာက ကျွန်တော်တို့ ကုမ္ပဏီအကျိုး အမြတ် အတွက်ယူတာ မဟုတ်ဘူးလေ”ဟု ဦးမြတ်သူက ဆိုသည်။
မီးသုံးစွဲမှု ကျသင့်ငွေပေးသွင်းမှု နောက်ကျ၍ ကောက်ခံထားသည့် ဒဏ်ကြေးငွေများဖြင့် ထားဝယ် ဆေးရုံ ကြီးကို ကျပ်သိန်း ၃၀ နှင့် ဇမ္ဗူသီရိကို ငွေကျပ်၁၀ သိန်း လှူဒါန်းခဲ့သည်။
ဇမ္ဗူသီရိအဖွဲ့က လက်မခံသည့် ငွေကျပ် ၁၀ သိန်းကို အခြားနေရာတွင် လှူသွားမည်ဖြစ်ကြောင်း ဦးမြတ်သူက ပြောသည်။

ဒဏ်ကြေးငွေ ကောက်ခံနေခြင်းနှင့် ပတ်သက်၍ ထားဝယ်ဒေသခံများ အကြား တွင် ပြောဆိုဝေဖနှုများ မြင့်တက်နေသည်။