ကမြောကင်းတံတားကြံ့ခိုင်ရေး စိုးရိမ်ဖွယ်မရှိ ဟုဆို

0
573

ကမြောကင်းတံတား ကြံ့ခိုင်ရေး စစ်ဆေးပြီးချိန်တွင် ဖြတ်သန်းအသုံးပြုမှု အတွက် စိုးရိမ်စရာမရှိကြောင်း လမ်းဦး စီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြော သည်။
ထားဝယ်မြစ်အတွင်း မှောက်သွား သည့် ငါးဖမ်းလှေတစ်စီးကို ဆယ်ယူ သည့် အခြားငါးဖမ်းလှေတစ်စီးသည် ပန်ကာအတွင်း ကြိုးစဝင်ကာ ရေစီး အတိုင်းမျောပါပြီး ဧပြီလ ၁၈ ရက် မနက်ပိုင်းက တံတားအောက်တွင် ဝင် ညှပ်နေခဲ့သည်။

ငါးဖမ်းလှေရှိ တိုင်ဖြင့် ဝင်တိုက်မှု ကြောင့် တံတားအောက်ရှိ ယက်မတွင် အလျား တစ်ပေ အနံ ၃ လက်မခန့်ရှိ အပေါက်တစ်ခု ဖြစ်သွားပြီး ယင်း အပေါက်ကို ပြန်လည်ပြုပြင်ဖာထေး သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ဆိုသည်။
အဆိုပါ အပေါက်ကို တံတားအထူး တည်ဆောက်ရေး(၄)က ပြုပြင်မည်ဖြစ် ပြီး မေလမကုန်မီ ပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကမြောကင်းတံတားမှာ ထားဝယ် မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက် သွယ်ထားသည့် အဓိက တံတားတစ်စီး ဖြစ်ပြီး ပြီးခဲ့သည့် ၁၉၇၅ ခုနှစ်က တည် ဆောက်ခဲ့သည်။