တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီဖွဲ့ ပြီး ဆယ်လအတွင်း ခွင့်ပြုလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်း ထက်ဝက်ပါ

0
452

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ ဖွဲ့စည်းပြီး အချိန် ဆယ်လအတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်း ၁၀ ခုအနက် ဟိုတယ်လုပ်ငန်း ထက်ဝက် ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC) ဖွဲ့စည်းပြီး ၁၀ လ တာကာလအတွင်း ဟိုတယ်လုပ်ငန်း ငါးခု၊ စက်မှုလုပ်ငန်း (ရောင်စုံကွန်ကရစ် အုတ်လုပ်ငန်း၊ ရော်ဘာသစ်အချောထည်၊ မှိုင်းခံရော်ဘာလုပ်ငန်း၊ အလှ ကုန်လုပ်ငန်း) လေးခုနှင့် လျှပ်စစ်ထုတ်လုပ်ရေးလုပ် ငန်း တစ်ခုတို့ကို ခွင့်ပြု (အတည်ပြုမိန့်)ပေးခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်)ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ် ကိုင်ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီ(RIC)ကို ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းခဲ့သည်။
“အများစုက ဟိုတယ်လုပ်ငန်းတွေ ပါ၊ လျှောက်ထားလို့ စိစစ်ဆဲလုပ်ငန်းက လေးခုရှိပါတယ်”ဟု တနင်္သာရီတိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။
ခွင့်ပြု(အတည်ပြုမိန့်) ပေးခဲ့သည့် လုပ်ငန်း ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၁၀၇၉၁ သန်း ရှိကြောင်း ၎င်းက ဆိုသည်။

RIC တွင် ရင်းနှီးမြှုပ်ခွင့် အတည် ပြုမိန့် ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။
တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါး သည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာ ရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်း နှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ် သတ်မှတ်ထားသည်။
ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသအဖြစ် သတ်မှတ်ထားသည့် ထားဝယ် မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များ တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်း လွတ်ခွင့်ကို ၅ နှစ် သတ်မှတ်ထားသည်။