အစားအစာ ချက်ပြုတ်နည်းနှင့် ကွန်ပျူတာ သင်တန်းသားခေါ်ယူ

0
445

ထားဝယ်မြို့ရှိ လူ့စွမ်းအားအရင်း မြစ် သင်တန်းကျောင်းမှ အစားအစာ ချက်ပြုတ်နည်းနှင့် ကွန်ပျူတာသင်တန်း အတွက် သင်တန်းသားများခေါ်ယူ လျက်ရှိသည်။
အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား ၁၀ ဦး၊ Programmer သင်တန်း အတွက် သင်တန်းသား ၁၀ ဦးစီ လက်ခံမည်ဖြစ်ပြီး လက်ရှိတွင် သင်တန်းတစ်ခုကို ၅ ဦးစီ လက်ခံထား ပြီးဖြစ်ကြောင်း အထက်ပါ သင်တန်း ကျောင်းတာဝန်ခံ ဦးအောင်ကိုက ပြောသည်။

အစားအစာ ချက်ပြုတ်နည်းသင် တန်းတွင် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ အနောက်တိုင်း အစားအစာချက်ပြုတ် နည်းများ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသား ၃၀ ဦးလက်ခံမည်ဖြစ်ပြီး လက်ရှိ ၁၀ ဦး လက်ခံထားပြီးဖြစ်ကြောင်း ဦးအောင်ကိုက ပြောသည်။
“ဒီသင်တန်းတက်ပြီးရင်တော့ ဘာ ပဲပြောပြော အသက်မွေးဝမ်းကျောင်း တစ်ခုခုတော့ လုပ်နိုင်မှာပါ”ဟု ၎င်းက ပြောသည်။

သင်တန်းကြေးအဖြစ် ကွန်ပျူတာ သင်တန်းအတွက် တစ်လ ကျပ်နှစ် သောင်း ကျသင့်မည်ဖြစ်ပြီး အစားအစာ ချက်ပြုတ်နည်းသင်တန်းအတွက် ကျပ် သုံးသောင်း ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၉၄၉၈၅၁၇၁၇ ကို ဆက်သွယ်စာရင်းပေးသွင်နိုင်ပြီး သင် တန်းများကို မေလ ၁ရက်တွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။