သင်္ကြန်တွင် လူငယ်တစ်စုအား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ လက်ရှိနေမြဲ

0
499

ယခုနှစ် ထားဝယ်သင်္ကြန်တွင် လူငယ်တစ်စုအား ရိုက်နှက်ခဲ့သည့် ရဲ တပ်ဖွဲ့ဝင်များအား လက်ရှိတွင် မူလတာ ဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ခိုင်း ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးနေမျိုးထံမှ သိရသည်။
အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အရာရှိ ၂ ဦး၊ အခြားဆင့် ၆ ဦး စုစုပေါင်း ၈ ဦး၏အမှုတွဲအား ၂၅ ရက်နေ့ ရက်စွဲဖြင့် ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထားပြီး လက်ရှိတွင် မှုခင်းကျဆင်းရေး လုပ်ငန်း များ၌ ပြန်လည် တာဝန်ပေးထားကြောင်း ရဲမှူးကြီးနေမျိုးက ပြောသည်။

“သူတို့ ၈ ယောက်ကို လောလော ဆယ်တော့ တာဝန်ဆက်ပေးထားရတာ ပေါ့၊ လောလောဆယ်တော့ ရဲမှာပဲ ထားထားတယ်၊ အချုပ်ထဲတော့ ထည့် မထားဘူး”ဟု ရဲမှူးကြီးနေမျိုးက ပြော သည်။
ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ တွင် လူငယ်တစ်စုက ရဲမေတစ်ဦးအား ရေလောင်းရာမှ စတင်ခဲ့သော အမှုဖြစ် သည်။
ရေလောင်းခံရသောရဲမေက ရဲတပ် ဖွဲ့ဝင်များကို အကြောင်းကြားရာ ရဲတပ် ဖွဲ့ဝင်များ ရေလောင်းခံရသည့်နေရာသို့ လိုက်လာခဲ့သည်။

ရဲမေက ရေလောင်းသည့်အိမ်ကို မှားယွင်းပြဆိုခဲ့ပြီး ယင်းမှားပြခဲ့သည့် အိမ်ရှိ လူငယ်တစ်စုကို ရဲတပ်ဖွဲ့ဝင်များ က ဝင်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဝင်ရိုက်ခဲ့သည့် ဒုရဲမှူး တစ်ဦး၊ နယ်ထိန်းတာဝန်ခံအရာရှိတစ်ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၂ ဦးအား ဖြစ်စဉ်ကို သေချာ မစိစစ်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့ကြသည့်အတွက်လည်းကောင်း၊ ရေလောင်းခံရသည့် ရဲမေအားလည်း လူ(ရဲတပ်ဖွဲ့ဝင်)များအား သွေးဆူအောင် လုပ်ခြင်း၊ အခင်းဖြစ်သည့် အိမ်အား မှားပြ၊ ပြောဆိုမှုမှားယွင်းခြင်းကြောင့် မလိုလားအပ်သော မှုခင်းများဖြစ်ပေါ် စေမှုဖြင့်လည်းကောင်း ရဲတပ်ဖွဲ့ဌာန ချုပ်သို့ တင်ပြထားကြောင်း ရဲမှူးကြီး နေမျိုးက ပြောသည်။

ခန့်မှန်းအချိန် တစ်လအတွင်း ဌာန ချုပ်မှ အတည်ပြုချက် ပြန်ကျလာနိုင်ပြီး အတည်ပြုချက် ကျလာပါက ရဲတရားရုံး ဖွင့် အရေးယူမှု(သို့မဟုတ်) အမှုစစ် အရေးယူမှုမျိုး ပြုလုပ်သွားမည်ဟု ၎င်း က ပြောသည်။
ရဲတပ်ဖွဲ့၏ အကြောင်းမဲ့ရိုက်နှက် ခြင်းခံခဲ့ရသည့် လူငယ်များကမူ ရိုက် နှက်ခဲ့သူများအား မည်သို့ အရေးယူမည် ကို စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

“သူတို့လူနဲ့ သူတို့ဆိုတော့ ချုပ်ချင်မှ ချုပ်မှာပေါ့။ ကျွန်တော် တို့သာဆိုရင် တစ်ခုခုအပြစ်လုပ်တာနဲ့ ဘာမှ မပြောဘဲ ချုပ်မှာပေါ့” ဟု အရိုက်ခံခဲ့ရသူတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ဌာနချုပ်၏ အတည်ပြု ချက်ကျချိန်တွင် အရေးယူမှု တစ်စုံ တစ်ရာမရှိပါက နိုင်ငံတော်သမ္မတထံ တင်ပြခြင်း၊ လူမှုကွန်ရက်တွင် ဖြစ်စဉ် အမှန်ကို ရှင်းလင်းခြင်း စသဖြင့် လုပ် ဆောင်မည်ဖြစ်ကြောင်း၎င်းက ပြော သည်။
ရဲတပ်ဖွဲ့ဝင်များ အုပ်စုဖွဲ့ရိုက်နှက် မှုကြောင့် လူငယ် ၁၅ ဦး ဒဏ်ရာ အသီးသီး ရရှိကာ ၇ ဦး ဆေးရုံတက် ကုသခဲ့ရသည်။