ခြေလေးချောင်းတော်လှန်ရေး (ဇာတ်သိမ်း)

613
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သိုးများသည် ငါးမီနစ်ခန့် မရပ်မ နားအော်ကြသည်။ သိုးများ အသံတိတ် သွားသောအခါ ဝက်များသည် အိမ်ထဲသို့ ပြန်၍ဝင်သွားပြီးဖြစ်သဖြင့် တိရစ္ဆာန် များက ဘာမျှမပြောလိုက်နိုင်ကြတော့။
မဟော်၏ပခုံးကို တိရစ္ဆာန် တကောင်က နှုတ်သီးနှင့်လာထိုးသည်။ မ ဟော်က လှည့်ကြည့်လိုက်သောအခါ နှုတ်သီးနှင့်ထိုးနေသူမှာ ခွါဖြူဖြစ်သည် ကို တွေ့ရသည်။ ခွါဖြူသည် အသက် ကြီးသဖြင့် မျက်စိများလည်း ယခင်က ထက် ပို၍မှုန်နေပြီ။ ခွါဖြူက မဟော်၏ လည်ဆံကို ဖြည်းညှင်းစွာကိုက်၍ တရား ကြီးခုနစ်ပါးကဗျည်းထိုး၍ထားသော စပါးကျီဖက်သို့ ခေါ်၍သွားသည်။ စပါး ကျီနားသို့ ရောက်ကြသောအခါ နှစ် ကောင်သား ဘာမျှမပြောကြဘဲ ကဗျည်း ထိုးထားသည့်နံရံကို နှစ်မိနစ်ခန့်တွေ၍ ကြည့်နေကြသည်။

ထိုနောက် ခွါဖြူက “မဟော်ရေ ငါ့ မျက်စိတွေကလဲ မှုန်လိုက်တာဟယ်။ နင်တဆိတ်ကြည်ပေးစမ်းပါအုံး။ ငါ့ မျက်စိက အယင်ကတုန်းကတောင်ဘဲ တာလောက် ဝေးဝေးဆိုယင် ဘာမှ ကောင်းကောင်းမမြင်ရဘူး။ တာပေမဲ့ ငါ့အထင်ပြောရယင် နံရံက ကဗျည်းစာ ဟာ တမျိုးကြီးဖြစ်နေတယ်ထင်တယ်။ ငါဘဲ မျက်စိမကောင်းလို့လားတော့ မပြောတတ်ဘူး။ ဒို့တရားကြီးခုနစ်ပါးဟာ အယင်ကတုန်းကလိုဘဲလားဟ ကြည့် စမ်းပါအုံး” ဟုဆိုသည်။
မဟော်သည် ယခင်က နှုတ်ဟလေ့ မရှိသော်လည်း သည်တခါတွင် ခွါဖြူကို အားနာသဖြင့် ကျီနံရံက ကဗျည်းစာကို ဖတ်ပြသည်။ ထိုစာတွင် ယခင်ကကဲ့သို့ တရားကြီးခုနစ်ပါး မရှိတော့ဘဲ အားလုံး သောတိရစ္ဆာန်တို့မှာ တန်းတူဖြစ်သည်။သို့ရာတွင် အချို့တိရစ္ဆာန်တို့မှာ ပို၍ တန်းတူဖြစ်ပြီးလျှင် အချို့တိရစ္ဆာန်တို့မှာ လျှော့၍တန်းတူဖြစ်သည်ဟူ၍သာ တွေ့ ရတော့သည်။

သို့ဖြစ်ရာ နောက်တနေ့တွင် ဝက် များသည် အလုပ်ခွင်သို့လက်ထဲ၌ နှင် တံတခုစီကိုင်၍ ဆင်းလာကြသည်။ ထို အခါ တိရစ္ဆာန်တို့စိတ်၌ ဆန်းသည်ဟု မထင်ကြတော့ချေ။ ထို့ပြင် ဝက်များသည် ကိုယ်စီကိုယ်င အသံဖမ်းစက်များ ဝယ် ကြကြောင်း စကားပြောကြေးနန်းများ လည်း ကိုယ်စီကိုယ်င တပ်ဆင်ထားကြ ကြောင်း လူသားတို့ထုတ်သော သတင်း စာတို့ကို ဝယ်၍ဖတ်နေကြကြောင်းကို ကြားရပြန်သောအခါ၌လည်း တိရစ္ဆာန် များသည် ဘာမျှမအံ့ဩကြတော့ချေ။ ထို့နောက် ဗန္ဓုလမြတ်နိုးသော ဝက်မတ ကောင်သည် ဦးသာခေါင် မိန်းမဝတ်သော ပဒုမ္မာအင်္ကျ Dနှင့်အတွင်းခံ ဇာဘော်လီကို ဝတ်၍ ဦးသာခေါင်မိန်းမ၏ ဗလာလုံ ချည်ကိုဝတ်ကာ ဗန္ဓုလ၏အပါးမှက နွဲ့ ကယပါလာသည်ကို တွေ့ကြရပြန်သည်။ သို့ရာတွင် ထိုသို့မြင်ရသော အခြင်းအ ရာများသည် အံ့ဩစရာကောင်းသည်ဟု တိရစ္ဆာန်တို့က မထင်ကြတော့ချေ။ ဝက် တို့သည်ပင်လျှင် မွန်မြတ်သော တိရစ္ဆာန် ဘ၀မှ ယုတ်ညံ့သော လူသားတို့၏ အဖြစ်မျိုးသို့ ကူးပြောင်း၍သွားချေပြီ နောက်တနင်္ဂနွေတပတ်လောက်ကြာသော အခါ အနီးအနားရှိ လူသားများကို ဗန္ဓုလ က အခြေလေးချောင်းကွင်းသို့ ထမင်း စားလာဖို့ ဘိတ်ကြားလိုက်သဖြင့် လူ သားတို့သည် ညနေခင်းတွင် မြင်းရထား များဖြင့် ရောက်၍လာကြသည်။ လူသား ဧည့်သည်တို့သည် ခြေလေးချောင်းကွင်း ကို အနှံ့အစပ်လှည့်လည်ကြည့်ရှုကြပြီး လျှင် ခြေလေးချောင်းကွင်း၏ စည်ပင် တိုးတက်ခြင်းကို အားလုံးဝိုင်း၍ ခြီးမွမ်း ကြသည်။ အထူးသဖြင့် ဓါတ်မီးစက်ကို ခြီးမွမ်းကြသည်။ ထိုအခိုက်တွင် တိရစ္ဆာန်တို့မှာ ယာ၌ထဲ ပေါင်းသင်၍နေ ကြသည်။ တိရစ္ဆာန်တို့သည် ခေါင်းမ ဖေါ်ဘဲ အလုပ်ကို ကြိုးစားပမ်းစားကုန်း၍ လုပ် နေကြသည်။ ထိုအခါမျိုးတွင် သူတို့စိတ်၌ ဝက်တို့က ပို၍ကြောက်စရာ ကောင်းသလား။ လူသားတို့က ပို၍ ကြောက်စရာကောင်းသလားဟု မပြော တတ်လောက်အောင်ပင် ရှိကြသည်။

ထိုနေ့ညနေတွင် ဝက်တို့နေသော အိမ်ဖက်ဆီမှ ရယ်မောသံသီချင်းဆိုသံ များကို ကြားကြရသည်။ ဝက်တို့၏ အသံနှင့် လူသားတို့၏အသံများရော၍ ပေါ်လာသောအခါ တိရစ္ဆာန်တို့မှာ အကြောင်း မည်ကဲ့သို့ဟု သိလိုသော စိတ်များစွာ ပေါ်၍ လာကြသည်။ ဝက်တို့ သည် လူ သားတို့နှင့် တန်းတူဆက်ဆံ၍ နေကြပြီ။ ဤအကြိမ်အား တိရစ္ဆာန်နှင့် လူသားတို့ ပထမဆုံးတန်းတူ ဆက်ဆံ ခြင်းပေတည်း။ တိရစ္ဆာန်တို့သည် ဝက်နှင့် လူသားတို့အသံများ ထွက်ပေါ်လာရာ အိမ်ဖက်သို့ တစုတရုံကြီး ဖြည်းညှင်းစွာ သွား၍ ကြည့်ကြသည်။

ဝင်းတခါးဝတွင် ခဏတန့်၍နေကြ ပြီးနောက် ခွါဖြူက ရှေ့ဆောင်၍ ဝင်းထဲ သို့ဝင်သည်။ ခြေသံမကြားစေခြင်းအ ကျိုးငှါ တိရစ္ဆာန်တို့သည် ခြေဖျားထောက် ၍ နင်းကြသည်။ အရပ်မြင့်သော တိရစ္ဆာန်များက ထမင်းစားခန်းပြူတင်း ပေါက်မှ လှမ်း၍ကြည့်ကြသည်။ ထမင်း စားခန်းစားပွဲကြီးတွင် ဝက်ထဲမှ ထင်ရှား သော ဝက်ခြောက်ကောင်နှင့် လူသားဧည့် သည်ခြောက်ယောက်ခန့်ဝိုင်း၍ ထိုင်နေ ကြသည်။ ဗန္ဓုလက အမှတ်တနေရာဖြစ် သော စားပွဲထိပ်ကထိုင်သည်။ ဝက်တို့မှာ ရှက်ကိုးရှက်ကန်း မဖြစ်ကြ။ ဝက်နှင့် လူ သားတို့သည် ဖဲရိုက်၍နေကြသည်။ ပြီးလျှင် ဖဲဝိုင်းကိုရပ်၍ အရက်သောက် ဖို့ပြင်ကြသည်။ ထိုနောက် ဖန်ချိုင့်ကြီး တခုထဲမှ ဗျစ်ရည်များကို ဖန်ခွက်များထဲ သို့ထည့်၍ ဝက်ရော လူသားပါအားလုံး သောက်ကြသည်။ အိမ်ဘေးမှ အံ့ဩသော မျက်နှာထားနှင့်ချောင်း၍ ကြည့်နေကြ သော တိရစ္ဆာန်များကိုကား ဝက်နှင့် လူများထဲက ဘယ်သူမှ မမြင်ကြ။

ထို့နောက် ဦးပေါက်ကျော်က သူဖန် ခွက်ကိုကိုင်၍ မတ်တတ်ထပြီးလျှင် အရက်ခွက်ကိုမြှော်ကာ ဆုတောင်းစကား ပြောသည်။ ဦးပေါက်ကျော်က အနည်း ငယ်စကားပလ္လင်ခံပြီးပြောသည်မှာ”ယ နေ့ ဤထမင်းစားပွဲကြီးကို လာရသည့် အတွက် ကျွန်တော်နှင့်တကွ လူသားမိတ် ဆွေများသည် အားလုံးပင် လှိုက်လှိုက်လှဲ လှဲဝမ်းသာကြပါသည်။ ယနေ့ကစ၍ ခြေလေးချောင်းကွင်းနှင့် လူသားတို့တဦး နှင့်တဦး အထင်အမြင်လွဲခဲ့ခြင်းများ ပပျောက်သွားသဖြင့် အထူးပင် ကျွန်တော် တို့နှစ်ထောင်းအားရရှိပါသည်။ ခြေလေး ချောင်းကွင်းသားတို့ကလည်း ကျွန်တော် တို့လူသားများကဲ့သို့ပင် နှစ်ထောင်အား ရရှိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ယခင်က ခြေလေးချောင်းကွင်းပိုင်ရှင်များ အပေါ်တွင် ကျွန်တော်တို့လူသားအချို့ က အထင်အမြင်လွဲ၍ နေခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်တော်ကိုယ်တိုင် မပါ ပါ။ ထိုကဲ့သို့ အထင်အမြင်လွဲနေခဲ့ကြ သည့်အတွက် ဝမ်းနည်းဖွယ်ကိစ္စများ ပေါ်ခဲ့ပါသည်။ ခြေလေးချောင်းကွင်းကို ဝက်များက စီမံအုပ်ချုပ်နေခြင်းသည် ဓမ္မတာတရားနှင့် ဆန့်ကျင်ပြီးလျှင် လူ သားတို့ အကျိုးယုတ်ရာယုတ်ကြောင်း ဖြစ်သည်ဟုလည်း အချို့လူသားများက အထင်မှားခဲ့ကြပါသည်။

အချို့လူသားများလည်း စုံစမ်းစစ် ဆေးခြင်း မပြုဘဲနှင့် ခြေလေးချောင်းကွင်း တွင် အရှက်အကြောက်ကင်းမဲ့စွာ အရမ်း ဖြစ်ချင်သလိုဖြစ်၍ နေသည်ဟုလည်း ထင်ခဲ့ကြပါသည်။ ထိုကဲ့သို့ ပေါက်လွှတ် ပဲစားဖြစ်နေခြင်းသည် အနီးအနားရှိလူသားကွင်းများသို့ပင် ပျံ့နှံ့ကူးစက်သွား လိမ့်မည်ဟု စိုးရိမ်မကင်းဖြစ်ကြသူများ လည်း မနည်းပါ။ အချို့က အလုပ်သမား များသည်ပင် ခြေလေးချောင်းကွင်း၏ အတုကိုယူပြီးလျှင် အလုပ်ရှင်များအား တော်လှန်ကြလိမ့်မည်ဟုလည်း ပူပန်မိ ကြပါသည်။ ယခု ကျွန်တော်တို့ကိုယ် တိုင် ခြေလေးချောင်းကွင်းကို လာကြည့် သောအခါကျမှ ထိုကဲ့သို့ လူသားတို့စိတ် က တွေးတောပူပန်နေကြခြင်းများသည် တောရမ်းမယ်ဘွဲ့များဖြစ်သည်ကို သိရပါ သည်။ ခြေလေးချောင်းကွင်းမှာ နောက် ဆုံးပေါ်နည်းစံနစ်များကိုသုံး၍ စည်း ကမ်းလည်း အင်မတန် သေဝပ်ပြီးလျှင် ကျွန်တော်တို့လူသားများက အတုခိုးစရာ များပင် အများအပြားရှိကြောင်းကို ကျွန် တော်တို့ တွေ့ရပါသည်။

ကျွန်တော်ကိုယ်တိုင်တွေ့ရပြီး အလွန်သဘောကျသောအချက်တခုမှာ ခြေလေးချောင်းကွင်းရှိ အောက်တန်းစား တိရစ္ဆာန်များမှာ အလုပ်ကို ပို၍လုပ်ရ ပြီးလျှင် အစားကို လျှော့၍စားရခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားကွင်း များက တိရစ္ဆာန်များတောင် ခြေလေး ချောင်းကွင်းက အောက်တန်းစား တိရစ္ဆာန် များလောက် အစာကိုလျှော့၍ မစားရ သည်ကို တွေ့ရပါသည်။ ဤအချက်တွင် ကျွန်တော်တို့လူသားများသည် ရှက်ကြောက် နေဖို့မလိုပါ။ ခြေလေးချောင်းကွင်း၏ နမူနာကို ယူဖို့ထိုက်ပါသည်။ ကျွန်တော် တို့လူသားများသည် ခြေလေးချောင်းကွင်း က ပြန်သွားသည့်အခါတွင် ခြေလေး ချောင်းကွင်းက ထူးခြားသော နမူနာ များကို လိုက်နာကျင့်သုံးကြမည်မှာ အမှန် ပင်ဖြစ်ပါသည်။ ထို့ကြောင့် နောင်အဖို့ တွင် တိရစ္ဆာန်နှင့်လူသားတို့ မဟာမိတ် ကဲ့သို့ သဘောထားသင့်ပါသည်။ သဘော ထားကြလိမ့်မည်ဟုလည်း ယုံကြည်ပါ သည်။

ဝက်နှင့်လူသားတို့မှာ စီးပွါးလုဖက် များဟု သဘောထားစရာအကြောင်း မရှိပါ။ ဝက်တို့၏ဒုက္ခကလည်း လူသား တို့၏ ဒုက္ခပင်ဖြစ်ပါသည်။ ဥပမာဆို သော် အလုပ်သမားများပြဿနာတွင် ဝက်တို့အဖို့နှင့်လူသားတို့အဖို့ ဘာမျှ ခြားနားခြင်းမရှိပါ။ အသင်ဝက်လူကြီး မင်းတို့တွင် အောင်တန်းစားတိရစ္ဆာန် တို့ကို နိုင်နှင်းအောင်းလုပ်ဖို့ပြဿနာရှိ သလိုဘဲ ကျွန်တော်တို့ လူသားများမှ လည်း အောက်တန်းစားလူသားများ၏ ပြဿနာရှိပါသည်”ဟုပြောသည်။ ထိုအခါထမင်းစားပွဲက ပရိသတ်တို့က ကျယ်လောင်စွာ ဩဘာပေးကြသည်။ ထို့နောက် ဦးပေါက်ကျော်က “ယခုခြေ လေးချောင်းကွင်းသို့ ကျွန်တော်တို့ လူသားများလာကြည့်သည့်အခါတွင် အောက်တန်းစားတိရစ္ဆာန်များမှာ ရာရှင် (ရိက္ခာ)လျှော့၍ရခြင်း အလုပ်ချိန်ပို၍ လုပ်ကြရခြင်း သက်သောင့်သက်သာမှု များနှင့်ကင်းဝေးရခြင်းများကို တွေ့ရ သဖြင့် ဝက်ခေါင်းဆောင်ကြီးတို့၏စီမံအုပ်ချုပ်ပုံကို ကျွန်တော်တို့လူသား များက မခြီးကျူးဘဲ မနေနိုင်အောင်ဖြစ် ပါသည် ခင်ဗျား။ ထို့ကြောင့် လူကြီး မင်းများအားလုံးတို့၏ ဖန်ခွက်များတွင် ဗျစ်ရည်အပြည့်ထည့်ကြပြီးလျှင်” ခြေ လေးချောင်း ကွင်းသာယာဝပြော ရှိစေ သော”ဟု ဆုတောင်း၍ သောက်ကြပါ မည့်အကြောင်း ကျွန်တော်လူသား ဦးပေါက်ကျော်က အကြံပေးစကား ပြောကြားပါသည်”ဟုဆိုကာ နိဂုံးချုပ် လိုက်သည်။

ထိုအခါ ဆူညံစွာ ဩဘာပေးကာ ကြမ်းကို ခြေနှင့်ဆောင့်၍ ကောင်းခြီးပေး သူကလည်း ပေးကြသည်။ ဦးပေါက်ကျော် ၏စကားကို ဗန္ဓုလက သဘောကျလှသ ဖြင့် ဗန္ဓုလသည် ဦးပေါက်ကျော်ရှိသည့် ဖက်သို့လှည့်၍ သွားပြီးလျှင် ဦးပေါက်ကျော် နှင့် ဖန်ခွက်ချင်းဆတ်ကာ ဗျစ်ရည်ကို သောက်သည်။ ဆူညံစွာ ဩဘာပေး ခြင်းများ ရပ်စဲသွားသောအခါ မတ်တတ် ထလျက်ပင်ရှိသေးသော ဗန္ဓုလက သူလည်း စကားအနည်းငယ် ပြောလို ကြောင်း ပြောသည်။

ဗန္ဓုလသည် စကားတိုတိုပြောတတ် သည့်အတိုင်း တိုတိုနှင့်အချက်ကျကျ ပြောသည်။ ဗန္ဓုလက ပြောသည်မှာ “ကျွန်တော်တို့သည် ယခင်က လူသား များနှင့် အထင်အမြင်မှားကာ မတဲ့မရှု ဖြစ်ခဲ့ရာမှ ယခုကဲ့သို့ မဟာမိတ်ပြန်၍ ဖြစ်ရသည့်အတွက် အလွန်အကျူး အထူးပင် ဝမ်းသာပါသည်။ ကျွန်တော် တို့ ဝါဒဟာ လူသားများကို တော်လှန်ဖို့ ဝါဒဆိုပြီးလဲ တချို့က ပြောကြပါတယ်၊ တာဟာလဲ သက်သက်မဲ့ မဟုတ်မမှန် လုပ်ကြံပြီး ပြောကြတာပါ။ ကျွန်တော် နှင့်တကွ ကျွန်တော်ရဲ့ လုပ်ဖေါ်လုပ်ဖက် များဟာ ဘယ်အခါကမျှ လူသားများကို တော်လှန်ဖို့ စိတ်မကူးခဲ့ကြပါဘူး။ ကျွန်တော်တို့ အနီးအနားတဝိုက်ရှိ လူသားများပိုင်သော တိရစ္ဆာန်များကို တော်လှန်အောင် ကျွန်တော်တို့က လှုံ့ ဆော်ပေးနေတယ်ဆိုတာလဲ ကျွန်တော် တို့ကို မလိုတဲ့ရန်သူများက လွှင့်တဲ့ သတင်းပါ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်း ရေးကိုသာ အလိုရှိပါတယ်။ ယခုမှသာ ငြိမ်းချမ်းရေးကို အလိုရှိတာ မဟုတ် ပါဘူး။ ယခင်ယခင်ကလဲ အလိုရှိခဲ့တာ ပါဘဲ။ နောက်နောင်ကိုလဲဘဲ ငြိမ်းချမ်း ရေးကိုသာ အလိုရှိမှာပါဘဲ။ ကျွန်တော် တို့ရဲ့တခုတည်းသော အာသီသမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူသားများနှင့် ရွှေလမ်း ငွေလမ်း ဖေါက် ပြီး ငြိမ်းချမ်းစွာနေဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ယခု ဦးစီးအုပ်ချုပ် လျက်ရှိတဲ့ ခြေလေးချောင်းကွင်းကိုလဲ သမဝါယမစံနစ်အရ ဖွဲ့စည်းထားတယ် ဆိုတာကို ယခုကြွလာကြတဲ့ လူသားလူ ကြီးမင်းများ သိစေလိုပါတယ်။ ခြေလေး ချောင်းကွင်းရဲ့ “ဂရန်” များဟာ ကျွန် တော်နာမယ်နှင့်ပင် ရှိသော်လည်း ကျွန် တော်တဦးတည်းပိုင် မဟုတ်ပါဘူး ကျွန် တော်တို့ဝက်များ စုပေါင်း၍ ပိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

ကျွန်တော်တို့အပေါ်မှာ လူသားလူ ကြီးများက သင်္ကာယနမကင်း မဖြစ်ကြ တော့ဘူးဆိုတာတော့ ကျွန်တော်ယုံ ကြည်ပါတယ်။ တာပေမဲ့ ကျွန်တော်တို့ အပေါ်မှာ လူသားလူကြီးမင်းများ ပို၍ ယုံကြည်သည်ထက် ယုံကြည်အောင် ကျွန်တော်ခြေလေးချောင်းကွင်းက တချို့ ဓလေ့ထုံးစံများကိုလဲ မကြာခင်ကဘဲ ပြု ပြင်ပြောင်းလဲပစ်လိုက်ပါပြီ။ ဥပမာ ဆိုပါစို့ ယခင်က ကျွန်တော်တို့အထဲက တချို့အမြှော်အမြင် မရှိကြသူတို့ကြောင့် ကျွန်တော်တို့အချင်းချင်း တဦးနှင့်တဦး ရဲဘော်လို့ ခေါ်ကြပါတယ်။ ယခု ကျွန် တော်အမိန့်အရ တိရစ္ဆာန်အချင်းချင်း တ ဦးနှင့်တဦး ရဲဘော်လို့ မခေါ်ရတော့ ပါဘူး။ နောက်ပြီးတော့ ဝက်ခေါင်းရိုး ကြီးတခုကို တိုင်ငုတ်ပေးမှာတင်ပြီး တနင်္ဂနွေနေ့ မနက်တိုင်း တိရစ္ဆာန်အား လုံး စီတန်းသွားပြီး အရိုအသေပေးရ တဲ့ထုံးစံကိုလဲ ဖျက်ပစ်လိုက်ပါပြီ။ ဒီထုံးစံဟာ ဘယ်နည်းဘယ်ပုံနဲ့ ဘယ်သူ က စခဲ့လို့ပေါ်လာတယ်ဆိုတာ ကျွန် တော်လဲ မပြောတတ်ပါဘူး။ ယခုတော့ အဲဒီဝက်ခေါင်းရိုးကြီးကိုလဲ မြေကြီးထဲ တခါထဲ မြှုပ်ပစ်လိုက်ပါပြီ။ ပြီးတော့ လူသားလူကြီးမင်းများ သတိထားပြီး အလံတိုင်ပေါ်က ကျွန်တော်တို့ရဲ့ အလံ ကို ကြည့်မိမည်ဆိုယင်လဲ အယင်က နှင့်မတူဘဲ ပြောင်းလဲထားတာကို တွေ့ရ ပါလိမ့်မယ်။

ယခင်ကဆိုလျှင် ကျွန်တော်တို့အ လံမှာ အစိမ်းခံရောင်ပေါ်တွင် အဖြူရောင် ဖြင့် ချိုနှင့်ခွါပုံ ရေးထားပါတယ်။ ယခု ကျွန်တော်အမိန့်အရ ချိုနှင့်ခွါပုံကို ဖြုတ် လိုက်ပြီး အစိမ်းရောင်သက်သက်ဘဲ ထား ပါတော့တယ်။ ဦးပေါက်ကျော်ရဲ့မွန် မြတ်တဲ့ မိန့်ခွန်းထဲမှာ ကျွန်တော် စောဒက တက်စရာတခုဘဲ ရှိပါတယ်။ ဦးပေါက်ကျော်က ကျွန်တော်တို့ကွင်းကို ခြေလေးချောင်းကွင်းလို့ ခေါ်ပါတယ်။ အဲတာကိုလဲ ကျွန်တော် ယခုကစပြီး ပြင် လိုက်ပါမယ်။ နောင်ကို ကျွန်တော်တို့ ခြေလေးချောင်းကွင်းလို့ မခေါ်တော့ဘဲ မူလနာမယ်မှန် နာမယ်ရင်းအတိုင်း ယင်းမာပင်ကွင်းလို့ခေါ်ဖို့ ယခုကစပြီး ကျွန်တော်ပြုပြင်လိုက်ပါမယ်။ နောင်အ ဖို့တွင် တိရစ္ဆာန်နှင့်လူသားခြားနားခြင်း မရှိစေရပါဘူး။ တာကြောင့် လူကြီးမင်း များမှာ ကိုယ့်ဖန်ခွက်ကို ကိုယ့်ဗျစ်ရည် ပြည့်အောင် ထည့်ထားကြပါ။ ယခု ကျွန်တော်က”ယင်းမာပင်ကွင်း သာယာ ၀ ပြောရှိစေသော” ဟုဆိုလိုက်တဲ့အခါမှာ အားလုံး ဖန်ခွက်ချင်းဆတ်၍ သောက် တော်မူကြပါ” ဟုပြောသည်။

ထိုအခါ သောင်းသောင်းဖျဖျ ဩ ဘာပေးကြပြီးလျှင် ဖန်ခွက်များကို တဦး နှင့်တဦးဆတ်၍ အသီးသီးမော့ကာ သောက်ကြသည်။ ဘေးမှ ချောင်းကြည့် နေကြသော တိရစ္ဆာန်များအဖို့မှာကား ဝက်များပြုလုပ်ပုံသည် ထူးဆန်းလွန်း သဖြင့် မစဉ်းစားအောင် ဖြစ်လျှက် ရှိသည်။ ဝက်များ၏မျက်နှာမှာ ယခင်က နှင့် လုံးဝမတူဘဲ တမျိုးတဖုံပြောင်းလဲ လျှက်ရှိသည်။ ခွါဖြူသည် ဟိုမျက်နှာ ကြည့်သည် မှက်ကြည့်ကြည့်၍နေ သည်။ မျက်စိမှုန်နေသဖြင့် သဲသဲကွဲကွဲ မမြင်ရ။ အချို့ဝက်များမှာ အရက် တန်ခိုးကြောင့် ၀ဖြိုး၍ မေးအောက်က ထစ်၍ပင်နေသည်။ အချို့ဝက်များမှာ မေးစေ့ငါးထပ်အချို့မှာ လေးထပ် အချို့မှာ သုံးထပ်စသဖြင့်တိုး၍ နေသည်။ ဩဘာပေးသံများ ငြိမ်သွားသောအခါ ဗျစ်ရည်မသောက်ခင်က ရပ်ထားသော ဖဲဝိုင်းကို ဆက်၍ကစားကြံသည်။ ဘေးက ချောင်းကြည့်နေကြသော တိရစ္ဆာန်တို့သည် ကိုယ်စီကိုယ်ငတိတ် ဆိတ်စွာ ပြန်ကြသည်။

သို့ရာတွင် အနည်းငယ်သွားမိကြ သောအခါ ဆူညံသံကြားသဖြင့် တိရစ္ဆာန် များသည် ကပြာကရာ ပြန်လှည့်လာ ကြပြီး လျှင် ပြူတင်းပေါက်မှ ချောင်း ၍ကြည့် ကြပြန်ကြသည်။ ဖဲဝိုင်းတွင် ရန်ဖြစ်လျက်ရှိသည်။ ဆဲသူကဆဲ ဆူသူ ကဆူ စာပွဲကို လက်သီးနှင့်ထုသူကထု စားတော့မလို ဝါးတော့မလို ကြည့်သူက ကြည့်နှင့် အတော်ကမောက်ကမာဖြစ် လျက်ရှိသည်။ အကြောင်းမှာ ဗန္ဓုလ လက်ထဲတွင်လည်း တစ်သုံးလုံးဦးပေါက် ကျော်လက်ထဲတွင်လည်း တစ်သုံးလုံး ရောက်နေသောကြောင့် ဖြစ်လေသည်။

ဝက်ခြောက်ကောင်နှင့် လူသား ခြောက်ဦးတို့မှာ တဖက်နှင့်တဖက် စား မလိုဝါးမလိုဖြစ်၍ နေကြပြီ။ ထိုအချိန် တွင် ဝက်နှင့်လူသားမှာ ခြားနားခြင်းမရှိ တော့။ မွန်မြတ်သော ဝက်တို့သည် ယုတ်ညံ့သွား၍ လူသားနှင့်ခြားနားခြင်း မရှိလေသလော။ သို့မဟုတ် ယုတ်ညံ့ သော လူသားတို့သည် ဝက်တို့ကဲ့သို့ မွန်မြတ်လာ၍ ခြားနားခြင်း မရှိလေ သလော။ ဘေးက ချောင်းကြည့်နေကြ သော တိရစ္ဆာန်တို့သည် ဝက်များမျက် နှာကို ကြည့်လိုက်လူသားများမျက်နှာကို ကြည့်လိုက်နှင့် အပြန်အလှန် ကြည့်ကြသည်။ သို့ရာ တွင် ဝက်နှင့် လူသား လူသားနှင့်ဝက်မှာ ဘယ်ဒင်းက ဝက် ဘယ်ဒင်းကလူသား ဘယ်ဒင်း ကလူသား ဘယ်ဒင်းကဝက်ဟု ခွဲခြား၍ မရအောင် ရှိလေတော့သတည်း။

ပြီးပါပြီ