စကားများရန်ဖြစ်ရာမှ လူသေမှုဖြစ်

0
466

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်တွင် ဧပြီ ၂၄ ရက်က စကားများ ရန်ဖြစ်ရာမှ ကျောက်တုံးဖြင့် အထုခံရ၍ အသက်ခြောက်ဆယ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။

အောင်တော်မူစေတီတော်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်မူးအော်ဟစ် နေသည့် ဘုတ်ပြင်းမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို တားမြစ်ရာ မှ စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

ကျောက်တုံးဖြင့် အထုခံရသည့် အသက် ၆၀ အရွယ် အမျိုးသားမှာ ဦး ခေါင်း၊ နားရွက်နှင့်ယာဘက်လက်တို့ တွင် ဒဏ်ရာများရရှိခဲ့ပြီး ကော့သောင်း ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကု သမှု ခံယူနေချိန်တွင် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ကျောက်တုံးဖြင့် ထုသည်ဟု သံသယရှိ သည့် အသက် ၂၄ နှစ်အရွယ်အမျိုး သားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။