ကော့သောင်းတွင် ဆိုင်ကယ် ကယ်ရီနှုန်းထားများ သတ်မှတ်

0
442

ကော့သောင်းမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီစီးခ နှုန်းထားများ သတ်မှတ် လိုက်ကြောင်း ကော့သောင်းမြို့နယ် အတွင်းရှိ မော်တော်ဆိုင်ကယ်ကယ်ရီ အသင်း(ဂိတ်)များထံမှ သိရသည်။
မြို့တွင်း ယာဉ်စီးခနှုန်းနှင့် မြို့ပြင် ယာဉ်စီးခနှုန်းများကို ဆိုင်ကယ် ကယ်ရီ အသင်း အားလုံး၏သဘောတူညီမူဖြင့် ဧပြီ ၁ ရက်က တစ်ပြေးညီ သတ်မှတ် လိုက်ခြင်းဖြစ်သည်။

“ကိုယ့်မြို့ ခရီးသည်တွေ အတွက် သာမက တခြားမြို့ကလာတဲ့ ခရီးသည် တွေအတွက်ပါ ကိုယ်သွားချင်တဲ့ ရပ် ကွက်တွေအလိုက် ဈေးနူန်းတွေကို သိစေ ချင်တာရယ်၊ တစ်ခုက ဆိုင်ကယ်ဆွဲ သမားတွေ ဈေးတစ်ယောက်တစ်မျိုး တောင်းတာမျိုးတွေ မဖြစ်အောင် သတ် မှတ်ရတာဖြစ်တယ်”ဟု မြို့မဈေး ဆိုင်ကယ် ကယ်ရီအသင်း ဥက္ကဋ္ဌက ပြောသည်။

မြို့မဈေးကြီးမှ ပုလဲလမ်းသို့ ကျပ်ငါးရာ၊ ရွှေဇင်ယော်သို့ ကျပ်ခုနစ်ရာ၊ နှစ်မိုင်သို့ ကျပ်တစ်ထောင် စသဖြင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ခရီးသည်တွေအတွက် ဈေးနူန်း တစ်ခုကို သိထားရင် ပိုတောင်းတာ မျိုးတွေ မဖြစ်ရအောင် ဂိတ်တွေ ဂိတ် တွေမှာ ဈေးနှုန်းတွေ ကြေညာပေး ထား တယ်”ဟု မြို့မဈေးဂိတ်တွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် ဦးဝင်းနိုင်က ဆို သည်။

ကော့သောင်းမြို့နယ်တိုင်း ဆိုင်ကယ် ကယ်ရီအသင်း(ဂိတ်) ၁၃ ခုရှိကြောင်း သိရသည်။