အမျိုးသမီးတစ်ဦး အဆောင်တွင် ဓားထိုးခံရ

0
486

ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ အဆောင်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦး ဧပြီလ ၂၆ ရက်က ဓားထိုးခံခဲ့ ရကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။
ဓားထိုးခံရသည့် အမျိုးသမီးသည် ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်ပြီး အဆောင် တွင် တစ်ဦးတည်းအိပ် ပျော်နေစဉ် နံနက် ၂ နာရီကျော်ခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်ပေါ်တက်ပြီး ဓားဖြင့် ထိုးကာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

၎င်းအမျိုးသမီးတွင် ဝဲဘက်လည် ပင်းတွင် ဓားထိုးထားသည့်ဒဏ်ရာတစ် ချက်၊ ယာလက်ဖမိုးတွင် ပြတ်ရှသည့် ဒဏ်ရာတစ်ချက်၊ ရင်ဘတ်တွင် ဓားထိုး ထားသည့် ဒဏ်ရာသုံးချက် စုစုပေါင်း ဒဏ်ရာ ၅ ချက်ရရှိပြီး ထားဝယ်ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြာင်း ရဲမှတ် တမ်းအရ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်ညတွင် အဆောင်တွင် အမျိုးသမီးတစ်ဦးတည်း ရှိနေသည့်အတွက် ဖြစ်စဉ်အသေးစိတ်ကို ဓားထိုးခံရသည့် ကာယကံရှင်မှ လွဲ၍ မည်သူမျှမသိရခြင်း၊ ယင်းအမျိုးသမီးမှာ ထားဝယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေခြင်းတို့ကြောင့် မည်သည့်အတွက်ကြောင့် ဓားထိုးခံရ သည်ဆိုသည့် အချက်အပါအဝင် အသေး စိတ် အချက်အလက်များကို ဧပြီလ ၂၈ ရက်အထိ မသိရှိရသေးပေ။

ပြစ်မှုကျူးလွန်သူအား ညအချိန် နေအိမ်အတွင်း ပုန်လျိုးကျော်နင်း ဝင် ရောက်ပြီး အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၄၅၉ အရ အမူဖွင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ယခင်ကလည်း ထားဝယ်မြို့တွင် အမျိုးသမီးတစ်ဦး နေအိမ်ပေါ်တွင် အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။