တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် အရပ်ဘက်အဖွဲ့အစည်းများ သုံးလတစ်ကြိမ် ဆွေးနွေးမည်

0
421

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌနှင့် အရပ်ဘက်အဖွဲ့အစည်း များ သုံးလတစ်ကြိမ် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
ဧပြီလ ၂၄ ရက်က ပြုလုပ်သည့် ထားဝယ်မြို့ အခြေစိုက်အရပ်ဘက်အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒီပွဲအပေါ်မှာ အများအားဖြင့်တော့ အားရကျေနပ်မှု ရှိတယ်။ သုံးလတစ်ကြိမ် လုပ်ဖို့လည်း စဉ်စားထားတယ်”ဟု ၎င်း က ဆိုသည်။
ယင်းဆွေးနွေးပွဲများမှ ရရှိလာသည့် အချက်အလက်များကို တိုင်းအစိုးရဖွဲ့နှင့် ဥပဒေပြုရေးကော်မရှင်ထံ ပေးပို့ရမည် ဖြစ်၍ လာမည့်ဆွေးနွေးပွဲများတွင် စာ ရွက်စာတမ်းအထောက်အထားများဖြင့် ထောက်ပြ ဆွေးနွေးစေချင်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှု များကို ထားဝယ်မြို့တွင်သာမက တိုင်း အတွင်း အခြားဒေသများတွင်လည်း အ ကောင်အထည်ဖော်ဆောင်ရွက်သင့် ကြောင်း တနင်္သာရီတိုင်းလူငယ်ကွန် ရက် အတွင်းရေးမှူး ကိုဝေဖြိုးက ပြော သည်။
“တကယ့်ပြည်သူအသံတွေက အဲ နေရာမှာ (အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲများ)တွင် ထွက်ပေါ်လာလိမ့် မယ်” ဟု ကိုဝေဖြိုးက ဆိုသည်။

တိုင်းအစိုးရအနေနှင့်လည်း မှုဝါ ဒများချမှတ်ရာတွင် ပြည်သူ့အသံများ ပါဝင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်း များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးရန် လိုအပ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌနှင့် အရပ်ဘက် အဖွဲ့အစည်းအချို့က တိုက်တွန်းသည်။
ယခုပြုလုပ်သည့် တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ထားဝယ်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက တရား ဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး၊ မြေယာပြဿနာ စသည့်အချက်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။